13

1.6K 209 14
                                    

အပန်းဖြေ နှစ်ညအိပ်သုံးရက် ခရီးလေးသည် ပြီးဆုံးခဲ့လို့ ပြန်ရမည့် အချိန်ကိုတောငိ ရောက်ခဲ့လေသည်... Hotel တွင် နှစ်ည အိပ်မည့်အစား လမ်းတွင် တစ်ညအိပ်ခဲ့ပြီဖြစ်၍ Hotel တွင် တစ်ညသာ တည်းဖြစ်ခဲ့သည်...

ထို အပြန်လမ်းကိုတော့ Hoseok ကသာ အရင်ဆုံးမောင်းနှင်ပြီး ကျန်ခရီးအားYoongi နှင့် Jungkook တို့ကသာ မောင်းနှင်လေသည်... မြို့ပေါ်သို့ ပြန်သော လမ်းဖြစ်၍ တစ်စုံတစ်ရာမှားယွင်းခြင်း မရှိ အိမ်သို့ တန်းမတ်စွာ ရောက်ရှိခဲ့တော့သည်...

TH - ဝှါးးး.... အိမ်တောင် ရောက်လာပြီ... မြန်လိုက်တာကွာ အချိန်တွေက စာလုပ်ရင် သေအောင်ကြာသလောက် အခုလို ကျတော့လည်း မြန်နေရော...

HS- ဟုတ်တယ် ကွာ... အချိန်ကို မကျေနပ်ဘူး..

NJ - မကျေနပ်တော့ ဘာလုပ်ချင်သေးလို့လဲ... သူ့ဘာသာ တိုင်ပင်ညီညီလည်ပတ်နေတာကြီးကို စည်းချက်မှန်နေတာကို

HS - အေးပါကွာ...မင်းရဲ့ စည်းချက်မှန်မှန်ကြီးကို မဖျက်စီးပါဘူးလို့... အမလေး...

Yoongi - ဟေ့ကောင်တွေ စကားများမနေနဲ့ ခြံတံခါး ဆင်းဖွင့်ဦး...ကားသွင်းဖို့...

Jin - ငါဆင်းဖွင့်လိုက်မယ် YG...

Jin ဆင်းဖွင့်မည်ဟု ပြောလိုက်သည်နှင့် တောက်တဲ့ ကဲ့သို့ ကပ်ပါတတ်သော Jungkook မှာလည်း ကားပေါ်က ဆင်းပြီးသားပင်... ထို့နောက် ခြံတံခါးအား အတူတူဖွင့်ကာ ကားအားဝင်စေသည်...

Jin တို့ အိမ်မှာ မရှိတဲ့ သုံးရက်အတွင်း နေ့စဥ်သတင်းစာနှင့် အတူ နွားနို့ဘူးများကလည်း ပုံမှန် ချသွားသည်နှင့်တူသည်... ထို့အပြင် စာတိုက်ပုံးထဲက စာအိတ်လေးများ... Jin အတွက်တော့ ထိုစာအိတ်များက အကြွေးတောင်းစာတွေဆိုတာ သိပေမယ့် အခုမှ တွေ့သော Jungkook မှာတော့ ဘာများလဲဆိုသော အကြည့်ဖြင့် ဖတ်ရှုရန်ပြင်နေသည်...

ဒါကို လှမ်းမြင်သော Jin သည် ကဗျာကယာ စာအိတ်များကို လှမ်းယူလိုက်သည်....

jk - Jin... အဲ့တာ ဘာတွေလဲ...

Jin - ဘာမှမဟုတ်ပါဘူး...

Jk - ကို Jin နာမည်တွေ့လိုက်တယ် စာအိတ်ပေါ်မှာ...

jin - အင်း...ဒီလိုပဲ လာနေကျတွေ... ဘာမှမဟုတ်ဘူး...

Sweet Moments With You (Completed)Where stories live. Discover now