19

1.3K 159 28
                                    

ဆောင်းငွေ့ငွေ့ရှိသော ရာသီဥတုကို နေရောင်ခြည်ပက်ဖျန်းထားသော မနက်ခင်းသည် လွန်စွာ ကျက်သရေရှိလှသည်.....
စိမ်းစိုစို သစ်ရွက်လေးများပေါ်တွက် နှင်းစက်လေးများသည် နေရောင်ကြောင့် တလဲ့လဲ့ ဖြစ်ပေါ်နေလေသည်...

အခန်းပြတင်းပေါက်ကိုဖွင့်ကာ... ခန်းစီးတို့ကိုပင် ဖြတ်၍တိုက်ခတ်လာသော လေပြေညှင်းတို့သည် စိတ်ကြည်လင်စေရန် အကောင်းဆုံးဆေးတစ်ခွက်ပင်...

လတ်ဆတ်လွန်းသော လေညှင်းတို့အား တစ်ဝကြီး ရှုရှိုက်ပြီးသည့်နောက်တွင် အခန်းအပြင်သ်ို့ထွက်ခဲ့တော့သည်...

ကျနော့်အား နားရက်မရှိပဲ အလုပ်လုပ်နေသည်ကို သဘောမကျကြသော အိမ်ရှိ ခြောက်ယောက်ကြောင့် နှစ်ပတ်တစ်ရက်နားရန် ဖြစ်တည်လာခဲ့လေသည်... ယနေ့သည်လည်း ထိုနားရက်မှ တစ်ရက်ပင်ဖြစ်သည်...

Jin - Morning.... မနက်စာတောင် စားနေကြပြီလား...

Jimin - အခုမှ စစားဖို့ ပြင်တုန်းလေ...

Jk - Jin.. နိုးလာပြီလား... ကိုတောင်အခုပဲ လာနိုးတော့မလို့...

HS - ကဲလာလာ စားကြမယ်...

Hoseok ၏ ဦးဆောင်မှုနောက်တွင် တက်ညီလက်ညီဖြင့် မနက်စာအား ခုနှစ်ယောက်အတူတူ စားဖြစ်ခဲ့ကြသည်...

Jimin - ဒီနေ့ ဘာလုပ်ဖို့ ရှိကြလဲ...

NJ - ဟင့်အင်း... ထွေထွေထူးထူးရယ်တော့ မရှိပါဘူး...

Yg - ဘာဖြစ်လို့လဲ Jimin...

Jimin - တကယ်လို့ ဘယ်မှ သွားစရာမရှိကြဘူးဆိုရင် ငါတို့တွေ အိမ်သန့်ရှင်းရေးလုပ်ကြမလား....

HS - ကောင်းသားပဲ... ငါတောင် စဥ်းစားနေတာ အိမ်သန့်ရှင်းရေးလုပ်ဖို့ကို...

TH - အေးလေ ဒီနေ့ လုပ်ကြတာပေါ့ Jin လည်း အိမ်မှာရှိတုန်း... အဲ့တာမှ လွင့်ပစ်လို့ ရတာမရတာ သူပြောပြမှာ...

Jk - ပြီးရောလေ လုပ်ကြတာပေါ့...အခုလောလောဆယ် ဒီပန်းကန်တွေ ငါအရင်ဆေးပေးမယ်...

Jin - okay.. အာ့ဆို ငါလည်း အဝတ်အစားလဲပြီးပြန်ဆင်းခဲ့မယ်...

ထို့နောက် တာဝန်ကိုယ်စီခွဲယူကာ အိမ်သန့်ရှင်းရေးအား စတင်ကြတော့သည်...

Sweet Moments With You (Completed)Where stories live. Discover now