25

1.5K 183 123
                                    

နှုတ်ဆက်ပြီးကတည်းက အခုထိ အိမ်မပြန်ဖြစ်သေး ဟန်မြစ်ကြီးကို မျက်နှာမူပြီး ဖွင့်ထားတဲ့ 24 hrs Store ထဲတွင် နှစ်ယောက်လုံးရောက်နေခဲ့သည်...
ခေါက်ဆွဲဘူးကိုယ်စီ အသားချောင်းကိုယ်စီနှင့် ဆိုင်ရှေ့က ထိုင်ခုံလေးတွေ ထိုင်ကာ ပြုတ်ထားသော ခေါက်ဆွဲနူးမည့်အချိန်ကို စောင့်နေကြသည်...

နှစ်ယောက်သား စကားပြောဆိုနေခြင်းမရှိ​သေးပဲ ရှေ့နားမှ အားကစားလုပ်ရင်းပြေးနေသူများ.. စက်ဘီးစီးနေသူများ... တချို့ စုံတွဲများအား ငေးရင်း တိတ်ဆိတ်နေလျက်ရှိသည်....
အဝေးတစ်နေရာကို ငေးနေဟန်ရှိနေသော Jin မှ ရုတ်တရက် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်

Jin - Jungkook... ကျနော့်ကို စကားပြောစရာမရှိဘူးလား...

ပြောချင်တာတွေရှိပေမယ့် တိတ်တိတ်ဆိတ်ဆိတ် နေချင်တယ်ထင်ပြီး ဘာမှ မပြောပဲနေနေမိတာ..အခုတော့ သူလေးက ပြောစရာမရှိဘူးလားလို့တောင် မေးယူနေရပြီ...

Jk - ရှိတာပေါ့...ကိုက...

Jin - အင်း... ရှိလည်း ခဏနေဦး... ဒီနေ့ ကျနော် အရင်ပြောမယ်...

ပိတ်ထားသော ခေါက်ဆွဲဘူးလေးအား ဖွင့်ကာ မွှေရင်း စကားပြန်စလာသည်...

Jin - ကျနော်က ဆောင်းရာသီမှာမွေးလို့ ဆောင်းရာသီကို ကြိုက်တယ်... ဒါပေမယ့် မိုးတွေရွာနေရင်လည်း ထိုင်ကြည့်ရတာကြိုက်တယ်.... ကြည်လဲ့လဲ့ အပြာလေးကို ကြိုက်သလို နူးညံ့တဲ့ ပန်းရောင်လေးကိုလည်းကြိုက်တယိ...အခင်ဆုံးသူငယ်ချင်းဆိုလို့ Ken တစ်ယောက်ပဲရှိခဲ့ပေမယ့် အခုတော့ နောက်ထပ် ခြောက်ယောက်တိုးလာပြီ... တစ်ခါတစ်လေမှာ လှိုင်းပုတ်သံကို နားထောင်ပြီး နိုးလာမယ့်မနက်ခင်းတွေကိုလည်း သဘောကျတယ်...

စကားပြောရင်းခဏရပ်ကာ ကျနော့်ဘက်ကို တစ်ချက်လှည့်ကြည့်သည်...ဆက်မပြောသေးပဲ ခေါက်ဆွဲအား တလုက်လောက် စားရင်းကျေနပ်သိလို ပြုံးနေသည်...
စားနေရင်းနဲ့မှ ကျနော့်ဘူးလေးထဲ လာထည့်ပေးသော အသားချောင်းတစ်ချောင်း...
နောက်တစ်လုက်အားထပ်စားရန် ပြင်ရင်း ပြောလက်စ စကားအားဆက်စေသည်

Jin- အစားအသောက် စားရတာကို သဘောကျသလို သောက်ရတာကိုလည်း သဘောကျတယ်... အချိန်ပြည့် ဂိမ်းထိုင်ဆော့နေရရင်လည်း သဘောကျတယ်... အခုလို ဆိုင်လေးမှာထိုင်ပြီး ခေါက်ဆွဲစားရတာလည်း သဘောကျတယိ...ပြီးတော့ ကျနော်အစားအစာကို ခွဲဝေကျွေးရလောက်တဲ့အထိ ကျနော့်ဆီက အဖြေစောင့်နေပေးတဲ့ Jungkook ကိုလည်း သဘောကျတယိ...

Sweet Moments With You (Completed)Where stories live. Discover now