9

2K 229 39
                                    

မာကျူရီ လမ်းမီးတိုင်ရဲ့ အလင်းရောင်ဖျဖျအောက်မှာ တဖွဲဖွဲကျနေတဲ့ နှင်းစက်များကို အံတုရင်း ကျောပိုးအိတ်လေးလွယ်ကာ အိမ်ရောက်သည်အထိ လျောက်နေတဲ့ Jin...

အရင်နေ့ရက်တွေလိုမျိုး Jk လာမကြိုတော့ဘူးလား မေးချင်နေကြတယ်မလား... လာမကြိုတော့တာ မဟုတ်ပါဘူး... ကျနော် လာမကြိုခိုင်းတော့တာပါ... နီးကပ်နေပြီဖြစ်တဲ့ Exam ကို အကြောင်းပြရင်းနဲ့ပေါ့... လွယ်လွယ်ကူကူနဲ့ ပြောလို့ရတဲ့ သူမဟုတ်တော့... အကယ်၍ လာကြိုနေမယ်ဆိုရင် ကျနော် သူနဲ့ စကားပြောတော့မှာ မဟုတ်ဘူးဆိုတဲ့ ခြိမ်းခြောက် စကားလေးနဲ့မှ နားထောင်တာလေ...
ကျနော်တို့တွေက ဘာတွေလဲ ???
ဒီအတိုင်း တစ်အိမ်ထဲ နေကြတဲ့တစ်အိမ်တည်းသားတွေပါ...  ဒီအဖြေက Jin ဦးနှောက်ကနေ ထွက်ပေါ်လာတဲ့ အဖြေဖြစ်ပြီး နှလုံးသားက အဖြေကို ငြင်းဆန်ချင်နေတာတော့ သူကိုယ်တိုင်ရော သတိထားမိရဲ့လားတောင်မသိ...

ဒီရက်ပိုင်း အိမ်ပြန်ဖို့ လှမ်းနေတဲ့ ခြေလှမ်းတွေက လေးလံနေဆဲပင်.... အကြောင်းအရင်းကတော့ အစုံပေါ့...  စာမေးပွဲရှိတာတောင် စာသေချာမလုပ်နိုင်သေးတာရယ်... အချိန်ပိုင်းအလုပ်တွေရဲ့ Pressure ရယ်...  ညဘက် Bar ကို လာနှောက်ယှက်တတ်တဲ့ ဦးလေးဟန်တို့ကြောင့်ရယ်... အချိန်မှီ ဆပ်ရမယ့် ဘဏ်အတိုးတွေရယ်... နောက်ပြီး... ကျနော့်အလုပ်ကို ရောက်ချလာတဲ့ Jk အမေကြောင့်ရယ်....

ဟုတ်ပါတယ် လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျနော် အချိန်ပိုင်းအလုပ်လုပ်တဲ့ Convenience store ကို အအေးလေးတစ်ဘူး လမ်းကြုံလို့ဆင်းဝယ်ပါတယ်ဆိုပြီး အကြောင်းပြချက်ကြီးနဲ့ မိတ်ဆက်သွားတဲ့ Jk အမေကြောင့် ကျနော့် အတွေးတွေ ပိုပြီးများခဲ့ရတယ်

Flash back start

Jk' mom - သား ဒါလေးယူမယ်နော်

Jin - 3000 ကျပါတယ်အန်တီ

Jk'mom - ဒါနဲ့ သားလေးက Kim Seok Jin လား.... အန်တီက Jungkook လေးရဲ့ အမေလေ..

Jin - aww.. ဟုတ်ပါတယ် ကျနော် Kim seok jin ပါ

Jk'mom - သား Jungkook လေးက သားအကြောင်း ပြောပြဖူးတော့ သိနေတာလေ... အခုလည်း တူပါတယ်ဆိုပြီး ကြည့်နေတာ

Jin - ဟုတ်ကဲ့ပါဗျ

Jk'mom - သားရဲ့အိမ်မှာ သူက လိုက်နေတာလား... သူက အိမ်ဆို မပြန်ဘူးကွယ်... သူငယ်ချင်း အရမ်းခင်တာ... သူ့ကို ခေါ်တင်ထားရတော့ သား ဒုက္ခများမှာပဲနော်

Sweet Moments With You (Completed)Where stories live. Discover now