4

2.1K 261 44
                                    

TH နဲ့ JK ရှေ့ကနေပြေးထွက်လာတဲ့ Jin ကားမှတ်တိုင်ရောက်တာနဲ့ တွေ့ရာ Bus ကိုသာ တက်စီးခဲ့တော့သည်.....
ထိုကားက သူ့အိမ်ရှိရာသို့ သွားသည်လား မသွားသည်လားလည်း မသိတော့....  စိတ်ထဲတွင်ပြည့်နှက်နေသည်က အရှက်တရား....
ရှက်သည်.... တစ်သက်နဲ့ တစ်ကိုယ် အခုလိုအရှက်ခွဲခံရတာမျိုး မဖြစ်ဖူးခဲ့ပေ... လူမှားပြီး ဖြစ်သည် ဖြစ်စေ လူမမှားသည်ဖြစ်စေ jin အတွက်တော့ ခံရခက်သည့် အရာပင်...
TH ကရော ဒီလိုဖြစ်မှာကို ကြိုသိလို့ အခုလို လုပ်သည်လား....ဒါမှမဟုတ် သူရော မသိထားတာပဲလား.... အတွေးများနှင့် အတူ တိတ်တဆိတ် ရှိုက်သံများနှင့်သာ ကားပေါ်တွင် ပါသွားခဲ့တော့သည်...

အတော်အတန်ကြာသည့်အချိန်ရောက်မှ Jin စိတ်ငြိမ်သွားသည့်အခါ bus ကားကြီးသည်လည်း ဂိတ်ဆုံးလို့ နေလေပြီ

Driver - ကောင်လေး... ဂိတ်ဆုံးနေပြီနော်..

Jin - ဟုတ်ကဲ့ ဦးလေး...

ရေစိုနေခဲ့သော ကျောင်းအကျီတို့လည်း မသုတ်ပဲနဲ့တောင်ခြောက်နေခဲ့ပြီ.. ဆံပင်တို့သည်လည်း သပ်ရပ်ခြင်းမရှိတော့ ရေစိုခဲ့အတိုင်း ခြောက်သွားခဲ့တာ ပွပွလေးဖြစ်လို့ နေသည်
ကားလမ်းတစ်ဖက်ဆီသို့ ကူးကာ အိမ်သို့ရောက်မည့်ကားကို ပြန်စီးရတော့မည်... ဘယ်ရောက်လို့ ရောက်နေမှန်းမသိပေမယ့် GPS ကနေ ကြည့်မိတော့ အိမ်နဲ့ အတော် ဝေးနေချေပြီ... ညနေပိုင်း အချိန်ပိုင်းလုပ်သော ဆိုင်သို့လည်း ဖုန်ူဆက်၍ ခွင့်တိုင်ရတော့မည်... ဒီအချိန်ဆို နောက်ကျနေပြီ ဖြစ့သည် အလုပ်လည်းမမှီတော့သည့်အတွက် အိမ်သို့သာ ပြန်ရပေတေါ့မည်...

<><><><><><><><><><><><><><><><>

TH ရဲ့ အမွှေဇယားကြောင့် Jk ရဲ့ Jin နဲ့အတူ အိမ်ပြန်မည့် အစီအစဥ်လည်း ပျက်စီးခဲ့ရပြီ... ဒီနေ့တော့ Jk အတွက် ပြသဒါးများလား...

Jin ထွက်သွားပြီးကတည်းက ကျောင်းဝင်းထဲတွင် စက်ဘီး ပြန်ယူကာ အိမ်သို့ ပြန်လာခဲ့သော်လည်း အိမ်တွင် တစ်ယောက်မှ မရှိ.... အနီးအနားတစ်ဝိုက်ကို ပတ်ရှာသော်ငြားလည်း Jin အရိပ်အယောင်တောင် မတွေ့ရ...

Jk - Jin ရေ အခုထိ ပြန်မရောက်သေးတာလား....  Bus စီးသွားတာကို ပြန်ရောက်နေသင့်ပြီလေ...

Sweet Moments With You (Completed)Where stories live. Discover now