7

1.9K 240 20
                                    

Ring*****

တဒီဒီနှင့် မြည်လာသော ဖုန်းလေးကြောင့် Contact လေးကြည့်မိတော့ 💜Him💜

တနေကုန်နီးပါး တောက်လျောက်ခေါ်နေတုန်းကတော့ သတ်မှတ်ချိန်အတွင်းပြန်လည်ဖြေကြားခြင်းမရှိပါဆိုပြီး မကိုင်တဲ့ ဖုန်းလေးက အခုမှ ပြန်ခေါ်လာတော့ မျော်နေရသူ Jk မှာတော့ အလျင်အမြန် ဖုန်းကိုင်လိုက်ဖြစ်သည်...
သို့သော် မျော်ရနေသူ၏ဖုန်းဖြစ်သော်ငြားလည်း မျော်ရသူ၏အသံမဟုတ်ပဲ သူစိမ်းအမျိုးသမီးအသံဖြစ်တာကြောင့် အမည်မသိတဲ့ ဒေါသတို့နဲ့ စိုးရိမ်ခြင်းတို့က တရိပ်ရိပ်တက်လျက်....

ထို့နောက် ကားသော့လေးဆွဲကာ ပြောပြလာတဲ့ နေရာဆီကို အပြေးလေးသွားမိတော့ အတူတူထိုင်နေမိတဲ့ Jimin ဆီကနေ အော်ခေါ်သံလေးတော့ ကြားနေမိပါရဲ့....

.....................................................

Jk ကားလေးကို အရှိန်တင်ကာ တစ်ဖက်သတ်စွဲလမ်းနေမိပါသော သူလေးရှိရာဆီ အမြန်သွားနေမိသည်
ပြောတဲ့နေရာလေးက အုတ်ဂူလေးတွေ ထားရှိရာ သချိုင်းမြေဆီသို့
အုတ်ဂူရှေ့မှာ ဘယ်လောက်တောင် မူးမှောက်အောင်သောက်ထားလဲမသိ... ပုလင်းလေးတွေမှ စီရီလို့ပင်... ဖုန်းဆက်ပေးပါသော အမျိုးသမီးဆိုသည်မှာ ခပ်ငယ်ငယ်မဟုတ်ပဲ အဒေါ်အရွယ်ဖြစ်နေတာကြောင့် စိတ်အေးရသည်...
ဖုန်းကို Password မခံထားတဲ့ အမောင် Kim seok jin ဖုန်းနဲ့ အပေါ်ဆုံးရောက်နေတဲ့ Missed call ကို ပြန်ခေါ်ပေးပြီး... Jk ရောက်တဲ့ အထိ စောင့်ပေးနေကြလို့ အမူးသမားလေးကို ကားရှိရာသို့ ချီပိုးရင်း.. ကျေးဇူးတင်စကားလေးလည်း မမေ့မလျော့ ပြောခဲ့ရသေးသည်...

အမူးသမားလေးကို ကားအနောက်ခန်းသို့ ​ဖေးဖြေးလေးသွင်းပေးပြီး ငိုထားလို့ မို့နေတဲ့ မျက်ခွံလေးတွေကို အသာအယာထိပေးပြီး... ခြောက်သွေ့နေတဲ့ မျက်ရည်စီးကြောင်းအရာလေးတွေက ဝမ်းနည်းမှု အတိုင်းအတာကို ဖော်ပြနေသကဲ့သို့ပင်...
သေချာတာကတော့ မနေ့ညက ဖြစ်တဲ့ Hoseok သူ့အမေကို မြင်တယ်ဆိုတဲ့ ကိစ္စကနေ သတိရလို့ ဒီအထိ လာငိုတယ်နဲ့ တူပါရဲ့...
အနောက်ခန်းမှာ အိပ်ပျော်နေတဲ့ ကောင်လေးကို မနိုးသွားစေဖို့ အလာတုန်းကနဲ့ မတူတဲ့ အရှိန်နဲ့ ကားကို လျော့မောင်းပြီး ဘက်ကြည့်မှန်ကနေတဆင့် အိပ်ပျော်နေတဲ့ Jin မျက်နှာလေးကို လှမ်းလှမ်းကြည့်မိပါရဲ့....

Sweet Moments With You (Completed)Where stories live. Discover now