11

1.7K 216 33
                                    

ခရီးထွက်မယ်လို့ ပြောထားတဲ့နေ့လေး ရောက်ရှိလာပြီ... နည်းမျိုးစုံနဲ့ Jin တစ်ယောက် ငြင်းနေပေမယ့် Jk ခေါင်းဆောင်၍ မလိုက်လိုက်အောင် ပြောသော တစ်ဖွဲ့လုံးကြောင့် Jin တစ်ယောက် အဝတ်အစားထုတ်ကို ဆွဲရင်း အခန်းထဲမှ ထွက်လာခဲ့တော့သည်...

ထည့်မည့်ပစ္စည်းများကို ယူလိုက် ဧည့်ခန်းမှာပုံလိုက် ကားပေါ်တင်လိုက်နှင့် တစ်ယောက်ချင်းစီတိုင်းကအလုပ်ရှုပ်နေကြလေသည်
သူတို့ ပုံစံကိုကြည့်ပြီး Jin သူ့မိဘတွေရှိတုန်းက Family trip ထွက်တုန်းက အချိန်ကို တောင် ပြန်သတိရမိသည်...အဲ့တုန်းကဆို လိုချင်တာ မှန်သမျှ သယ်ချလာတဲ့ သူ့ကို ဖေဖေက ကားပေါ် အကုန်တင်ပေးနေခဲ့သည်... မေမေက ခရီးစဥ်တစ်လျှောက်လုံး စားဖို့ သောက်ဖို့ ပြည့်စုံအောင် စီစဥ်နေခဲ့သည်လေ....

Jk - jin ကို့ကိုပေး ကိုသယ်ပေးမယ်

Jin - မဟုတ်တာပဲ ရတယ် အိတ်လေးတစ်လုံးထဲဟာကို ကို့ဘာသာ သယ်ပါ့မယ်

Jk - မရပါဘူး ကိုသယ်ပေးချင်လွန်းလို့

TH - Jk ရေ အဲ့လောက်သယ်ချင်နေရင် ငါ့ပစ္စည်းလေးတွေ သယ်ပေးပါလားကွာ

Jk - sorry TH ရေ ငါ့လက်က ပစ္စည်းရွေးတယ်ကွ

TH - ပိုပိုလွန်းတယ်

မျက်နှာကြီး မဲ့ပြကာ အရှေ့မှ အရင်ဆင်းသွားသော TH သည် ကားပေါ်သို့ သူ့ပစ္စည်းများအား တစ်ခါထဲ သွားတင်တော့သည်
ကျနော့်အိတ်တွေကတော့ ငြင်းမရတဲ့ အဆုံး Jk လက်ထဲသို့ ပါသွားပြီလေ...

ခရီးထွက်မယ့်ကားက jungkook အိမ်မှ ခုနှစိယောက်လုံးစီးနိုင်မည့်ကားအား ယူထားခြငိးဖြစ်သည်...ထိုခရီးစဥ်တွင် ကားမောင်းမည့် သူမှာ Jungkook ကိုယ်တိုင်ပင်...
ကားမောင်းတတ်သည့်သူမှာ Kim Namjoon မှ လွဲ၍ ကျန်တဲ့သူများ အကုန်မောင်းတတ်သောကြောင့် အလှည့်ကျမောင်းရန် ဆုံးဖြတ်ထားသော်လည်း ခရီးစထွက်ခြင်းမှာတော့ Jungkook ကသာ တာဝန်ယူထားလေသည်

မောင်းသူနေရာတွင် Jungkook ထိုင်လိုက်ပြီး ဘေးက lover seat လေးကတော့ Jk အချစ်တော်လေး Jin အတွက်ပင်...
Jk မောင်းတဲ့ အချိန်တိုငိး Jin ကို သူ့ဘေးနားထိုင်စေချင်မှန်း အကုန်လုံး ကသိသောကြောင့် အထူးတလည် ပြောနေစရာပင်မလိုတော့...

Sweet Moments With You (Completed)Where stories live. Discover now