24

1.4K 173 25
                                    

နိုးထလာရသော နေ့များတွင် ယနေ့သည် အပျော်ရဆုံးနေ့ဆိုလည်း မမှားပေ... အရင်ကဆိုရင် မနက်မိုးလင်းမှာကိုပင် စိုးထိတ်ရင်း အချိန်တွေ ကုန်သွားမှာကို ရပ်တန့်ချင်နေခဲ့မိသည်...သို့သော် စိတ်တို့သည် မနေ့ညက အကုန်ပြောင်းပြန်ဖြစ်ရသည်...ယနေ့သို့ ရောက်ရန် ပို၍ပင်စိတ်လောနေခဲ့သည်...

မနက်ခင်း Coffee ဆိုင်သို့ သွားရမည်ကို ထုံးစံမပြတ် Jungkook လိုက်ပို့နေဆဲပင်...
ယူတို့ သိကြလား... Jungkook လိုက်မပို့ဖြစ်ဘူးဆိုတဲ့ နေ့က ကျနော့်အတွက် စိတ်မကြည်လင်တဲ့နေ့ပဲဆိုတာ...

Jungkook နင်းတဲ့ စက်ဘီးလေးကို နောက်ကနေ စီးရင်း တသုန်သုန်တိုက်နေတဲ့ လေပြည်လေးကိုလည်း တဝကြီး ခံစားနေမိသေးတယ်...
သူ့ခါးလေးကို ဖက်ထားရုံသာမက ကျောပြင်လေးကိုပါမှီပြီး စီးနေတဲ့ ကျနော်က သူ့ကို အဖြေမပေးသေးပဲ အခုလိုနေတာ လွန်နေမလား...

တခြားရက်တွေထက် ပိုပြီးဖက်တွယ်ပေးထားတဲ အနောက်က ကောင်လေးကြောင့် Jungkook ပါးစပ်တွေ နားရွက်တပ်ချိတ်တော့မယ်ဆိုရင် ယုံမလား...
နူးညံ့ပြီး ပေါ့ပါးလွန်းတဲ့ အပြုံးချိုချိုတွေကို ဒီနေ့မှာ ပိုပြီးတွေ့နေရတာကြောင့် Jungkook စောစောသာ ကူညီမိရင် သူလေး ဘယ်လောက်တောင် ပိုပြီး လွတ်လပ်မှုကို ပိုခံစားရမလဲဆိုပြီး ထပ်ဆင့်တွေးနေမိတယ်...
သူပျော်နေဖို့ အရေးကြီးတာမို့.... နောက်ဆိုလည်း ဘာကိစ္စပဲရှိရှိ မင်းကိုယ်တိုင်ထုတ်မပြောဘူးဆိုရင်တောင် နည်းလမ်းရှာပြီး ကိုယ် ကူညီနေမှာပါ...

ထိုကူညီတတ်မှုကြီးက မျက်နှာလိုက်စွာဖြင့် မင်းတစ်ယောက်အပေါ်မှာပဲ ရှိနေမှာပါ...

တရွေ့ရွေ့နင်းလာသော စက်ဘီးလေးသည် Coffee ဆိုင်ရှေ့တွင် အဆုံးသတ်သွားသည်
ကျောပိုးအိတ်လေးကို လွယ်ကာ စက်ဘီးပေါ်မှဆင်းသွားသောသူသည် ကျနော့်အား အပြုံးချိုချိုနှင့် လက်ပြနှုတ်ဆက်ဖို့လည်း မမေ့ခဲ့...

Jin - Jungkook...

Jk - ဟင်...Jin ပြောလေ...

Jin - ဒီနေ့လေ 5:00 လောက် လာခေါ်ပါလား... စာအုပ်ဆိုင်ကို...

Jk - ရတာပေါ့... Bar ကို လိုက်ပို့ရမှာမလား...

Jin - အင်းဟုတ်တယ်... လာခဲ့ပေးနော်

Sweet Moments With You (Completed)Where stories live. Discover now