6

1.9K 238 32
                                    

တဖြောက်ဖြောက်ကျလာသော မိုးသံလေးနှင့်အတူ အေးစိမ့်မှုက ပိုလာသဖြင့် Jin အိပ်ရာမှတစ်ဆင့် aircon လေးအား အအေးလျော့ကာ စောင်လေးခြုံ၍ အိပ်စက်ခြင်းပြုလေသည်......

တစ်နေကုန် အလုပ်တစ်ဖက် ကျောင်းတစ်ဖက်နှင့် ပင်ပန်းနေသော ခန္ဓာကိုယ် အနားပေးရသော ထိုအချိန်သည် Jin ၏ ပူပန်နေရသော စိတ်အစုံအားလည်း လျော့ချ၍ နားနေနိုင်သော အချိန်လည်း ဖြစ်သည်...

ပိုမိုသည်းထန်လာသော မိုးရေစက်များကြောင့် နှစ်ခြိုက်စွာ အိပ်စက်သောသူ၏ အိမ်မက်များသည် အတော်အတန်ပင် ခရီးရောက်နေကာမှ ငြိမ်းချမ်းနေသော အိမ်မက်အစဥ်အား ဖြတ်ဆီးမှု ဝင်ခဲ့သည်မှာ.....

အားး!!!!............

အောက်ထပ်မှ ကျယ်လောင်စူးရှစွာ ကြားလိုက်ရသော အသံကြောင့် အခန်းပြင်သို့ အရင်ဆုံးပြေးထွက်ခဲ့သူမှာ Jin......

ထို့နောက် တစ်ယောက်စီ ရှေ့ဆင့်နောက်ဆင့်ရောက်လာသူများကြောင့် အော်ဟစ်နေသူမှာ နှစ်ယောက်မရှိသော Jung Hoseok
ကြောက်စရာကောင်းသော အရာတစ်ခုခုကို တွေ့မြင်ထားသည့်နှယ် ဖြူလျော့နေသော မျက်နှာ...တုန်ချိနေသော ခြေထောက်တို့ကြောင့်
HS အနားသို့ ပြေးသွားပြီးတွဲပေးသူက Jimin...ထို့နောက် ရေခွက်လေးနဲ့ ရေထည့်လာပေးသူက Nj....
Jk . Yg နဲ့ TH ကတော့ အိမ်ပတ်ဝန်းကျင်အား လျောက်ပတ်စစ်ဆေးရန် ခြံထဲသို့ ဆင်းသွားခဲ့ကြသည်

Jimin အကူအညီနဲ့ ဧည့်ခန်းထိုင်ခုံတွင် ရောက်နေသော HS အား Jin မေးခွန်းစထုတ်ရန် ပြင်လေတော့သည်.......

Jin - HS... မင်း ဘာဖြစ်တာလဲ ..ဘာတွေ့လိုက်လို့လဲ...

Jin မေးခွန်းနောက်တွင် ကြောက်လန့်နေသော မျက်ဝန်းတို့နဲ့ မော့ကြည့်လာသော HS...
နှုတ်ခမ်းဖျားတို့လည်း တုန်ရီစွာဖြင့်....
အေးစက်နေဟန်တူသော လက်ဖျားများကိုတော့ Jimin က အားပေးနေဟန် ဆုပ်ကိုင်ထားလျက်ပင်...

HS - ငါ... ငါ.. တွေ့လိုက်တယ်....

Jin - ဘာကိုလဲ... လူလား... သူခိုးလား...

HS - Arrnyii.... လူမဟုတ်ဘူး....

TH - လူမဟုတ်ဘူးဆိုတော့....  သရဲလား....

Sweet Moments With You (Completed)Where stories live. Discover now