20

1.3K 158 21
                                    

စိမ်းစိုလှပလွန်းတဲ့ ခြံဝရှေ့တွင် အေးစက်နေသော လက်ချောင်းလေးများအား အကျီအိပ်ကပ်မှထုတ်၍ ခြံတံခါးရှိ လူခေါ် Bell အားနှိပ်လိုက်ရသည်
သိပ်မကြာခင်မှာတင် အလိုအလျောက်ပွင့်ဟသွားသော ခြံတံခါး... ခြံထဲဝင်သွားသောအခါ Balck suit ကို ကျကျနနဝတ်ထားသော သူမှ ဦးဆောင်ကာ အိမ်တော်ကြီးအတွင်းသို့ ခေါ်ဆောင်သွားသည်...
ကြွယ်ဝချမ်းသာမှုပဏာမအား ဖော်ပြရန် မလိုအပ်လောက်အောင်ပင် ချမ်းသာမှန်းသိရသည်...
ထိုလူမှ Jin အား ဧည့်ခန်းတွင်ထိုင်စေကာ အိမ်အကူဖြစ်ဟန်တူသော အမျိုးသမီးကြီးမှ Coffee တစ်ခွက်ဖြင့် ဧည့်ခံရှာသည်

ကော်ဖီခွက်လေးအငွေ့မသေခင်မှာတင် အပေါ်ထပ်မှ ဆင်းလာသော အမျိုးသမီး... တစ်နည်းအားဖြင့် Jungkook ၏ အမေ... ဘာကြောင့်ခေါ်မှန်းမသိပေမယ့် မကောင်းတာတစ်ခုခုကတော့ ဖြစ်နိုင်စွမ်းရှိမည်ဟု တွေးတောနေမိသည်

"တော်တော်စောင့်လိုက်ရလား သား... Sorry ပါကွယ် အန်တီ အလုပ်လေးလက်စသတ်နေလို့ပါ "

Jin - "ရပါတယ် သိပ်မစောင့်လိုက်ရပါဘူး"

"အေးကွယ်.. ဒါနဲ့ သားဒီကိုလာတာ Jungkook လေးရော သိသေးလား "

Jin - ကျနော်ဘယ်သူ့ကိုမှ မပြောထားပါဘူး

"သားက လက်လွတ်စပယ်ပြောမယ့်သူမဟုတ်ဘူးဆိုတာ အန်တီသိပါတယ်"

Jin - အန်တီ ကျနော် အလုပ်လေးလည်း ရှိသေးတာကြောင့် ဖြစ်နိုင်ရင် လိုရင်းကို ပြောစေချင်ပါတယ်

"အေးကွယ်.. အာ့ဆိုလည်း ကွေ့ဝိုက်မနေတော့ပါဘူး..အန်တီ လိုရင်းကိုပဲပြောလိုက်မယ်...
သားကို အန်တီ တောင်းဆိုစရာရှိလို့ပါ"

Jin - တောင်းဆိုစရာ...

"ဟုတ်တယ်... Jungkook လေးကို အိမ်ပေါ်ကနေ ဆင်းခိုင်းလိုက်ပါ..."

Jin - ကျနော်က ဘာအတွက်ကြောင့် ဆင်းခိုင်းရမှာလည်း...

"အန်တီသားကို အန်တီက အိမ်ပြန်လာစေချင်ပြီ... ပြီးတော့ Jeon gp ကို ဆက်ခံမယ့်သူက သူနဲ့ တန်ရာတန်ရာနေရာမှာပဲ ရှင်သန်သင့်တယ်လေ..."

Jin - အဲ့စကားတွေက ကျနော့်ကိုပြောရမှာမဟုတ်ဘူးထင်တယ်... အန်တီသားကို ကိုယ်တိုင်ပြောသင့်တယ်

Sweet Moments With You (Completed)Where stories live. Discover now