First Love ( Seonbae )

1.7K 94 11
                                        

Unicode

~2021 ခုနှစ်~

" eunjoo yaa....ကျေးဇူးပြုပြီး ကိုယ့်ကို လက်ထပ်ပါကွာ.."

" ကျွန်မ ယဉ်ကျေးစွာဘဲ ငြင်းပါရစေ Kim Seokjin shi ကျွန်မ ရှင့်ကို လက်မထပ်နိုင်ပါဘူး "

" ဘာဖြစ်လို့လဲ ကိုယ့်မှာ ဘာလိုအပ်ချက်ရှိလို့လဲ မင်းကို လက်ထပ်ခွင့်တောင်းနေတာ သုံးခါရှိပြီ ဘာလို့ သုံးခါလုံး ငြင်းချင်နေရတာလဲ "

" ကျွန်မ လက်ထပ်ဖို့ အကြောင်း မစဉ်းစားချင်သေးလို့ပါ
ရုံးမှာလဲ အလုပ်ရှိသေးလို့ ကျွန်မကို သွားခွင့်ပြုပါအုံးနော်"

တစ်ဖက်လူဆီကနေ ထွက်လာမဲ့ ရှည်လျားတဲ့ စကားတွေကို ခါတိုင်းလိုဘဲ ရိုးအီစွာ နားမထောင်နေချင်တော့သဖြင့် ကျွန်မတို့နှစ်ယောက်ထဲသာရှိသည့် လှပ၍ တိတ်ဆိတ်နေသော cafe ထဲမှ ထွက်လာခဲ့လိုက်တယ်။

Kim Seokjin ဟာ ဘာအပြစ်မှရှာ၍မရအောင် ရုပ်ရည် လူမှုရေး စီးပွားရေး မှာပါ ပြည့်စုံတဲ့သူ ဖြစ်သော်လည်း လက်ထပ်ဖို့ မပြောနှင့် သမီးရည်းစားအဖြစ်တွဲဖို့ကိုပင် ကျွန်မ စိတ်ဝင်စားခြင်း လုံးလုံးမျှ မရှိခဲ့ပါ။ အကိုတစ်ယောက်လို သူငယ်ချင်း တစ်ယောက်လို သံယောဇဉ်ရှိပါသော်လည်း ချစ်ဖို့အတွက်ကျ ကျွန်မ မဝံ့ရဲ။

ကျွန်မခြေလှမ်းများက ကလေးအရုပ်ကုမ္မဏီအသေးစားလေး တစ်ခုရှေ့မှာ ရပ်တန့်သွားသည်။ ကျွန်မ ဒီကုမ္မဏီလေးမှာ အလုပ်လုပ်ခဲ့တာ ဘွဲ့ရပြီးကတည်းကဆိုတော့ ၈ နှစ်လောက်တောင်ရှိရောပေါ့။ ကျွန်မအသက်က အခုဆို ၃၃ နှစ်တောင် ရှိနေပြီလေ။

ကုမ္မဏီထဲကို မဝင်ခင် ကျွန်မရဲ့စိတ်ကို အရင် ပြင်ဆင်လိုက်သည်။ အထဲရောက်ရင် စပ်စုပြီး မေးမြန်းကြမဲ့ သူငယ်ချင်းနှစ်ယောက်ကို ရင်ဆိုင်ရအုံးမှာကို။ Kim Seokjin လာခေါ်သွားတာ သူတို့ရှေ့မှာလေ။ သူတို့ကတော့ ကျွန်မအတွက် လုံးဝအပြည့်အဝကို သဘောတူနေကြသည်။ ငြင်းလာသည်ကိုသာသိလျှင် ခါတိုင်းလိုဘဲ တရားဟောနေကြတာကို ၁နာရီနီးပါ ထိုင်ကာ နားထောင်ရအုံးမည်။

" ဟဲ့ ဘယ်လိုဖြစ်သွားပြီလဲ ခါတိုင်းလိုဘဲ လက်ထပ်ခွင့်တောင်းတာဘဲမလား ဒီတစ်ခါတော့ နင်လက်ခံလိုက်တယ်မလား "

First KissWhere stories live. Discover now