Did He come back to me? [First Kiss Extra]

397 55 6
                                    

Unicode

အိပ်ယာမှ နှိုးလာတဲ့အချိန် ခေါင်းတစ်ခုလုံးက အုံပြီး ကိုက်ခဲနေကြောင့် မျက်လုံးကိုပင် မနည်းအားယူကာ ဖွင့်နေရသည်။ ညက ကြမ်းပြင်ပေါ် အိပ်ခဲ့မိလို့ တစ်ကိုယ်လုံး နာကျင်နေပေမဲ့ သူမရဲ့ ခန္ဓာကိုယ်အောက်ဘက်က ပျော့ပျောင်းနေတဲ့ အရာကြောင့် အနည်းငယ်တော့ သက်သာနေသယောင်။

ဟင်..ခနနေပါအုံး။

တစုံတခုကို သတိရလာတာကြောင့် ကိုက်ခဲနေသော ခေါင်းကိုပင် အာရုံမစိုက်နိုင်တော့ဘဲ လှဲနေရာမှ ငေါက်ခနဲထထိုင်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်မိတော့ သူမဟာ အခန်းထဲက ကုတင်ပေါ်မှာ အကျအန။

သေချာပေါက်ကို ညက ဝရန်တာရဲ့ ကြမ်းပြင်ပေါ်မှာ ကြယ်တွေကို ရေတွက်ရင်း အိပ်ပျော်သွားခဲ့တာပါ။ အခုကျ ဘယ်လိုဖြစ်လို့...

ရုတ်တရက် အနံ့ခံအာရုံဆီ ရိုက်ခတ်လာတဲ့ ကော်ဖီနံ့သင်းသင်းနဲ့အတူ စကားသံတစ်ခုကလဲ

" တောင်းပန်ပါတယ် ကျွန်တော် အရမ်းနောက်ကျသွားတယ်မလား "

သူမ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားရသည်။ ညတုန်းက သူမ ခံစားခဲ့ရတဲ့ နူးညံ့တဲ့ ထိတွေ့မှုတွေနဲ့ ဩရှရှ စကားအသံတွေက အိပ်မက် တစ်ခု မဟုတ်ခဲ့ဘူးလား။

သူမစိတ်ထဲ ဖော်မပြနိုင်တဲ့ ပျော်ရွှင်မှုတွေနဲ့ အတူ ခြေထောက်များကလဲ ကုတင်ထက်မှ ပြေးဆင်းရာ ကော်ဖီနံ့သင်းသင်းရနေတဲ့ မီးဖိုခန်းဆီ အမြန်သွားမိသည်။

နောက်ဆုံးတော့..

နောက်ဆုံးတော့ ကောင်လေး သူမဆီ ပြန်လာခဲ့ပြီမဟုတ်လား?

" ဘာလို့ အလောတကြီး ပြေးလာရတာလဲ? "

အလိုမကျတဲ့ စကားအသံနဲ့အတူ သူမ ခြေထောက်များကလဲ မီးဖိုခန်းရှေ့မှာ ရပ်တန့်သွားခဲ့သည်။ မျက်စိရှေ့မှာ မြင်နေရတဲ့ ကော်ဖီခွက်ကို ကိုင်ထားတဲ့ Jimin ကို မျက်လုံးအပြူးသားနဲ့ ကြောင်ငေးနေမိသည်။

သူမ ဘာတွေကို မျှော်လင့်နေမိတာလဲ? မဖြစ်နိုင်မှန်းသိသိကြီးနဲ့ ကောင်လေးများလားဆိုပြီး မျှော်လင့်နေမိခဲ့တာက သူမ အမှားတွေသာ ဖြစ်ပါလိမ့်မယ်။

First KissWhere stories live. Discover now