Age difference [ Part 1 ]

759 91 28
                                    

Unicode

" လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် seonbae ညစာလဲ ကောင်းကောင်းစားခဲ့ရပါတယ်~
မနက်ဖြန်မှ ရုံးမှာတွေ့မယ်နော် "

" အွန်းဂျို ခန "

စီနီယာရဲ့ ခေါ်သံကြောင့် ကားတံခါးဖွင့်နေဆဲ လက်များ ရပ်တန့်သွားသည်။

" ဟုတ်ကဲ့ seonbae "

" ကိုယ်တို့ ပြန်တွေ့ရတာ အရမ်းဝမ်းသာတာဘဲ "

ပြောရင်း စီနီယာက ကျွန်မမျက်နှာနားကပ်လာတဲ့အခါ ကြည်နူးနေရမဲ့အစား ဒီအချိန်မှာတော့ ဟိုကောင်လေး နှောက်ယှက်ဖို့ မရောက်လာပါစေနဲ့လို့ ဆုတောင်းနေရသည်။ အဲ့ဒီလောက်ထိတောင်မှ ကျွန်မကို စိတ်အနှောက်အယှက်ပေးတာပါ..

" လက်ကမ်းစာစောင်လေး ယူပါအုံး "

ကားတံခါးမှန်ကို ခေါက်ကာ ပြောလာသော အသံကြောင့် ကျွန်မ မျက်ရည်များပင်လည်ချင်သွားသည်။ ဆုတောင်းက အဲ့လောက်တောင် ပြည့်တာကိုး..။

စီနီယာက လက်ခါပြလိုက်ကာ ရှက်ပြုံးဖြင့် တချက်ရီသည်။ ပြီးတော့ နောက်တစ်ဖန် ကျွန်မ နှုတ်ခမ်းများစီသို့..

" တကယ်မယူတော့ဘူးလား "

ထိကပ်လုဆဲဆဲမှာ ဒုတိယတကြိမ်ထွက်ပေါ်လာပြန်သည်။ ဒီတစ်ခါတော့ စီနီယာ စိတ်တိုသွားပုံရသည်။ ကျွန်မလဲ အခြေအနေကို ကောင်းကောင်းရိပ်စားမိတာကြောင့်

" seonbae ပြန်သင့်ပြီထင်တယ် အပြင်မှာ တော်"မိုးချုပ်နေပြီ "

" ဒါဆို ကိုယ်နောက်မှ ဖုန်းခေါ်လိုက်မယ်နော် "

ကျွန်မ ငိုချင်စိတ်တဝက်ဖြင့် ကားပေါ်က ဆင်းခဲ့ရသည်။ ထိခံနီးမှကွာ....။ ထိုသို့ မဆင်းပြန်ရင်လဲ ဟိုကောင်လေးက ဆက်တိုက်နှောက်ယှက်နေမှာသိတယ်လေ။ သို့ပေမဲ့ ကားပေါ်က ဆင်းလာတဲ့အထိ အနီးနားမှာ လူတစ်ယောက်မှရှိမနေပါ။

ကျွန်မ စီနီယာရဲ့ကား မျက်လုံးထဲက ပျောက်သွားတဲ့အထိ လိုက်ကြည့်နေမိသည်။

" လက်ကမ်းစာစောင် ယူအုံးမလား အာဂျူးမား "

တိုက်ခန်းဘက်ဝင်မလို့ အလှည့်မှာ ဘယ်ကမှန်းမသိ ရုတ်တရက် ထွက်လာသော ကောင်လေးကြောင့် နောက်ပြန်လဲကျသည်အထိ လှန့်သွားသည်။

First KissWhere stories live. Discover now