Repent (Yoongi's story) {Part 10}

283 37 9
                                    

Unicode

ကားကို ဂရုတစိုက်ကွေ့လိုက်ရင်း တိုက်ခန်း​၏ မြေအောက်ကားပါကင်မှာ ထိုးရပ်လိုက်သည်။ ကားသော့ကို ဖြုတ်နေစဉ် ဘာရယ်မဟုတ် အပြုံးခပ်ကြီးကြီးကို ပြုံးလိုက်မိသေးသည်။

သူအခုတလော အရမ်းပျော်နေရတာလေ။

ထိကပ်လုနီးနီး ဖြစ်ခဲ့သော ကလေးငယ်​၏ နီရဲရဲနှုတ်ခမ်းလေးကို မျက်လုံးထဲ ပြန်မြင်ယောင်မိတော့ ရင်ဘတ်ထဲ အနွေးလှိုင်းလေး တစ်ခု ဖြတ်စီးဆင်းသွားသလို။

၁၁ နှစ်ကြာလွမ်းနေခဲ့ရသော နှုတ်ခမ်းလေးကို ပြန်ထိကပ်ခွင့်ရမည့်အချိန် ပေါ်လာသော လက်ကမ်းစာစောင်ဝေသမားကိုလဲ စိတ်တိုမိသည်။

အနည်းငယ် နှမြောဖို့ကောင်းပေမဲ့ ကလေးငယ်ရဲ့ ပိုင်ရှင်အဖြစ် ဘေးနားနေခွင့်ရနေသည်မလို့ ကျေနပ်ရမှာပင်။

" ပြန်လာပြီလား ယောက်ျား "

ကားသော့ကို ဝှေ့ရမ်းရင်း ပျော်ရွှင်စွာ အိမ်ထဲဝင်လာသော ခြေလှမ်းများက အသံကြားရာ ဧည့်ခန်းထဲ၌ ရပ်တန့်သွားသည်။ ခုနကမှ ကြည်နူးနေခဲ့သော စိတ်များကလဲ ကြက်ပျောက် ငှက်ပျောက်။

ကလေးငယ်သာ အစဉ်အမြဲ စိတ်ထဲရှိနေခဲ့တာမလို့ ယွန်းဟောန်းနာ ကိုရီးယား ပြန်ရောက်နေတာကို သူမေ့သွားခဲ့တာဘဲ။

" မင်းကို ငါ့တိုက်ခန်းဆီ မလာဖို့ပြောထားတယ်မလား မင်းမှာ အိမ်မရှိဘူးလား? "

​အေးဆေးပြောနေသော်လည်း ဒေါသသံစွက်နေသည်။ ယွန်းယောန်းနာက အထူးအဆန်းမဟုတ်သလို ပုခုံးကို ဟန်ပါပါ တွန့်ပြရင်း ဆိုဖာမှထလာပြီး သူ့ဆီလျှောက်လာကာ

" ထွက်ပြေးချင်နေတဲ့ ယောက်ျားကို လိုက်ဖမ်းရမှာပေါ့ ပြီးတော့ ကိုယ့် ယောက်ျားတိုက်ခန်း ကိုယ်လာတာ ဘာဖြစ်လို့လဲ ဘာလဲ? ကျွန်မမှာ လာလို့ မဖြစ်မဲ့ အကြောင်းအရင်းတွေဘာတွေ ရှိနေလို့လား "

သူ့မျက်လုံးတည့်တည့် စိုက်ကြည့်ကာပြောလာတာကြောင့် စိတ်မလုံသလိုဖြစ်သွားကာ ချောင်းတစ်ချက်ဟန့်ရင်း အခန်းထဲဝင်ဖို့ ပြင်လိုက်သည်။ ယွန်းယောန်းနာက သူ့ရဲ့ အပြုအမှုကို ကြည့်ကာ တစ်ချက်ရီလိုက်ပြီး

First KissWhere stories live. Discover now