Unicode
~2021ခုနှစ်~
မျက်လုံးနှစ်လုံးပွင့်လာြခင်းနှင့်အတူ အေးစက်ခြင်းများစွာက ရင်ဘတ်ထဲ ကိန်းအောင်းလာသည်။ ဒါက ဘယ်လောက်တောင်ကြာခဲ့ပြီလဲ။ ငါးနှစ်လား? အတိအကျဆိုရင် ရက်ပေါင်း 2000 ကျော်။ ရီစရာကောင်းတယ်မလား ရက်အတိအကျကအစ ကျွန်မက မှတ်မိနေတာ။
မျက်လုံးကို မှိတ်ထားရင်း လက်က ကိုယ်လှဲနေတဲ့ အိပ်ယာဘေးကို စမ်းမိတော့ အေးစက်နေတဲ့ အထိအတွေ့ကဘဲ ကြိုဆိုနေသည်။ ဒီနေ့လဲ သူရောက်မလာသေးပြန်ဘူး။ စိတ်ထဲ ဝမ်းနည်းသွားပေမဲ့ ကျွန်မ ဒီခံစားချက်တွေနဲ့ မုန်းလောက်အောင်ကို အသားကျနေခဲ့ပြီ။
အိပ်ယာဘေးက စားပွဲတင်နာရီသေးသေးလေးကို ယူကြည့်လိုက်တော့ ထုံးစံအတိုင်း မနက် ၄နာရီခွဲ။ ပုံမှန်ပါဘဲ။ ညဘက် ဘယ်လောက်ဘဲ နောက်ကျမှအိပ်အိပ် ဒီအချိန်ဆို အလိုလို နိုးလာတတ်တာ။ ဟိုးအရင်ကလို ဖြောင့်ဆန်းမနေတော့ဘဲ အဖျားနားကို အကောက်ပုံစံသွင်းထားတဲ့ ဆံပင်ရှည်တွေကို လက်နဲ့ဘဲ အသာဖြီးလိုက်သည်။
ဘာလုပ်ရမှာလဲ။ တကယ်ဆိုဘာမှဖလုပ်စရာမရှိ။ အခုထိ နေတောင် ကောင်းကောင်း ထွက်သေးတာမဟုတ်။ ဝရံတာ တံခါးကို ဆွဲဖွင့်လိုက်တော့ အထဲကို တိုးဝင်လာတဲ့ လေအေးတွေကြောင့် ညဝတ်အကျီအပါးသာ ဝတ်ဆင်ထားသည့် ကျွန်မ ခန္ဓာကိုယ်လေး တွန့်သွားသည်။ 9လပိုင်းထဲ ဝင်ပြီ ြဖစ်တာကြောင့် ရာသီဥတုကလဲ တဖြေးဖြေး အအေးဘက်ရောက်လာပြီ။
အပေါ်စီးကနေ လှမ်းမြင်နေရတဲ့ ဆိုးလ်မြို့ရဲ့ ကားလမ်းမကြီးက အာရုံတက်ချိန်မို့လို့ ထင်တယ်။ ပြေးလွှားနေသော ကားတစ်စီး နှစ်စီးလောက်ကလွဲရင် တိတ်ဆိတ်နေသည်။ ကားလမ်းမကြီးကို လှမ်းကြည့်နေမိတုန်း မတော်တဆ မျက်လုံးထဲ ဝင်ရောက်လာသည်က တိုက်ခန်းရှေ့မှာရှိတဲ့ ပန်းြခံထဲက ထိုင်ခုံလေး။ အမှတ်တရ များစွာက မျက်လုံးထဲ ဝင်လာတဲ့အခါ အမြင်အာရုံက ချက်ချင်းပင် ေဝဝါးလာသည်။
" အသက်အရွယ်ရလာလို့ထင်တယ် အမြင်အာရုံတွေမကောင်းတော့ဘူး "
တိုးတိုးသာ ရေရွတ်မိတဲ့စကားအဆုံး ပါးပေါ်စီးကျလာတဲ့ ခပ်နွေးနွေး မျက်ရည်စီးကြောင်းကြောင့် စိတ်ပျက်လက်ပျက် ပြုံးလိုက်မိသည်။ ဘယ်အချိန်ထိ မျက်ရည်လွယ်နေအုံးမှာလဲ။
YOU ARE READING
First Kiss
RomanceJungkook OC Fic Summary - Love, comedy, romance, kiss, sad ( Unicode × Zawgyi )