Repent (Yoongi's story) {Part 5}

320 51 8
                                    

Unicode

~2004 ခုနှစ်~
Daegu မြို့၊ Gwanenum အလယ်တန်းကျောင်း

" မင်... ယွန်... ဂီ "

Basketball ခြင်းထဲသို့ ဘောလုံးကို တစ်ခါ ပစ်ထည့်ပြီးတိုင်း ပေါ်လာသော မိန်းကလေးများ​၏ အော်ဟစ်သံများမှာ မကြားချင်မှအဆုံး။

သူ့ဆီ လှမ်းလာပေးသော သူငယ်ချင်း​၏ လက်အား ပြန်ရိုက်လိုက်ကာ လက်မထောင်ပြလိုက်သည်။

စိတ်လွတ်လက်လွတ် ဆော့နေတာကြောင့် ပုံစံပျက်နေမည်ဖြစ်သော ဆံပင် အမည်းရောင် ပျော့ပျော့များအား လက်ချောင်းရှည်များဖြင့် သပ်တင်ကာ ပုံစံကျအောင် ပြင်မိတော့ မိန်းကလေးများ​၏ အော်သံများက တဖန်ထွက်ပေါ်လာပြန်သည်။

ကလေးငယ်​၏ စကားတစ်ခွန်းတည်းဖြင့် သူ့စိတ်ကြိုက် ဆိုးထားခဲ့သော အဖြူရောင်ဆံပင်များမှာ အမည်းရောင်အဖြစ် ပြောင်းလဲခဲ့တာ နှစ်နှစ်ကျော်တောင်ရှိပြီ။ သူတောင် အလယ်တန်းနောက်ဆုံးနှစ်ကို ရောက်နေပြီလေ။

" ယွန်းဂီ အိုပါး ဘာလို့ ဒီလောက်ထိ ဆွဲဆောင်မှု ရှိနေတာလဲ အား... ငါတော့ ရူးတော့မှာဘဲ "

ခပ်ဝဝမိန်းကလေး တစ်ယောက်စီက ထွက်ပေါ်လာသော အော်သံကြောင့် မင်ယွန်းဂီခဗျာ သောက်နေသောရေသီးမလိုတောင်ဖြစ်သွားသည်။ basketball ကွင်းထဲက သူငယ်ချင်းများကလဲ သူ့အားကွက်ကြည့် ကွက်ကြည့်ဖြင့် ပြုံးစိစိဖြစ်နေကြပြီ။

တကယ်ဆို အခုလို ကွင်းလေးထဲမှာ အပျော်သဘောနဲ့သာ ဆော့ကြသော basketball ပွဲကို အခုလို နာမည်ဘုတ်ပြားတွေ ဖြင့် အော်ဟစ်အားပေးနေစရာမလိုသော်လည်း သူက ဘယ်သူမို့လို့လဲ။

မင်ယွန်းဂီလေ.....

သူ basketball ဆော့သည့် အခါတိုင်း အမြဲတမ်းလိုလို လာအားပေးကြသော ကွင်းဘေးမှာရှိကြသည့် အတန်းပေါင်းစုံမှ ကောင်မလေးအချောအလှများရှိသော်လည်း မင်းယွန်ဂီ​၏ စိတ်နှင့် အာရုံအစုံကတော့ ကွင်းကနေ လှမ်းကြည့်ရင် မြင်နေရသည့် နှစ်ထပ်ဆောင်​၏ ဒုတိယအထပ်ရှိ သိပ္ပံလက်တွေ့ခန်းရဲ့ ပြတင်းပေါက်တံခါးနားက အရိပ်လေးဆီမှာသာ။

First KissWhere stories live. Discover now