I should not love him anymore [First Kiss's Extra]

587 61 14
                                    

Unicode

" ဂျွန်? "

သူမ အိပ်မက်ထပ်မက်နေပြန်ပြီလား? မျက်စိရှေ့မှာ မြင်‌နေရတဲ့တာကို အခုထိ မယုံနိုင်ဖြစ်နေသေးသည်။ Piercings တွေနဲ့ တချက်တချက် ပေါ်လာသည့် ဖြူဉဥလက်ဖမိုးပေါ်မှ tattoo တွေကိုသာ ဖယ်လိုက်ရင် လွန်ခဲ့တဲ့ ငါးနှစ်က သူမ အမြဲလိုလို မြင်ခဲ့ရတဲ့ ချစ်စရာ ကောင်လေးမှ ကောင်လေးအစစ်ပါ။ ဒါပေမဲ့....

ဒါဟာ ဂျွန် ဟုတ်ရဲ့လား မဟုတ်ဘူးလား သူမ သေသေချာချာ မသိပါ။ တရိပ်ရိပ်နဲ့မူးနေတာနဲ့ ဝေဝါးနေတဲ့ အမြင်အာရုံတွေက သူမ ဦးနှောက်ကို အမှားအမှန် ခွဲခြားနိုင်ဖို့အတွက် အကူအညီ မဖြစ်နေ။

သို့ပေမဲ့ သူမ နှလုံးသားရဲ့ ခိုင်းစေမှုကြောင့် ခြေထောက်များကတော့ ဂျွန်လို့ ထင်ရသူရှိတဲ့ စားပွဲဝိုင်းဆီ တရွေ့ရွေ့ သွားနှင့်နေပြီ။

မြင်နေရတဲ့ မေးရိုးထင်းထင်းကို သူမ လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ပြီး ဘာလို့များ အချိန်အကြာကြီးနေအောင် ပစ်ထားရက်တာပါလဲ ဆိုတဲ့စကားကို တဖွဖွပြောကာ အရင်တုန်းကလို အိစက်နေမဲ့ ပါးပြင်နွေးနွေးအား နမ်းရှိုက်ချင်ပါသည်။

တုန်ယင်နေသော ခြေထောက်များကြောင့် လိုရာကို မရောက်နိုင်ဘဲ တုန်ချိချိဖြစ်နေသည်။ သို့သော် ထိုအရာကဘဲ သူမအား ကယ်တင်လိုက်သည်လား မပြောတတ်။ ချိနဲ့နေသော ခြေထောက်မှာက မျက်စိရှေ့သို့ ထပ်မံဝင်ရောက်လာသော ပုံရိပ်တစ်ခုကြောင့် ရပ်တန့်သွားရသည်။

ဒီတစ်ခါ ဝေဝါးလာတဲ့အမြင်အာရုံတွေက ဝိုင်အရှိန်ကြောင့် မဟုတ်တော့တာတော့ သေချာသည်။

ပိန်ပါးပါးနှင့် ကြည့်ရုံနှင့် နာမည်ကြီး ဒီဇိုင်နာတစ်ယောက်ရဲ့ လက်ရာမှန်းသိသာစေသော အင်္ကျီတို့ကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက်က ဂျွန်ဟုထင်ရသော အမျိုးသားရဲ့ နှုတ်ခမ်းပါးကို လှမ်းနမ်းလိုက်တာကြောင့်...

ဒါ သူမ ရှိနေရမဲ့နေရာမှ မဟုတ်တာ။ ဘာတွေများ မျှော်လင့်မိနေတာလဲ ဟောအွန်းဂျိုရယ်။

နှုတ်ခမ်းထက်မှ မဲ့ပြုံး ပြုံးမိလိုက်ပေမဲ့ မျက်ဝန်းအိမ်မှ မျက်ရည်ပူတစက်ကာ ပါးပြင်ကို ဖြတ်ကျဆင်းသွားသည်။ ပို၍ပင် အင်အားကုန်ခန်းလာပုံရသည့် ခြေထောက်တွေကြောင့် သူမ မတ်တပ်တောင် ကောင်းကောင်းမရပ်နိုင်တော့။

First KissWhere stories live. Discover now