Repent (Yoongi's story) {Part 4}

296 53 9
                                    

Unicode

" ဘာလို့အိမ်ပြောင်းရမှာလဲ ဒီအိမ်မှာနေလဲ အဆင်ပြေနေတာကို "

" အမေလဲ မပြောင်းချင်ပါဘူး သားအဖေကိုက... "

ကျောင်းကနေ ပြန်လာလာချင်း တွေ့လိုက်ရတဲ့ ဧည့်ခန်းထဲက အထုတ်တွေကြောင့် အမေ့အားမေးကြည့်လိုက်တော့ အိမ်ပြောင်းဖို့တဲ့။ အိမ်ထိပြန်မရောက်ခင် ကြည်နူးလာသမျှ စိတ်လေးက အခုတော့ ကြက်ပျောက် ငှက်ပျောက်။

အိမ်ပြောင်းရင် ကလေးငယ်နဲ့ တွေ့ဖို့ အချိန်နည်းသွားမှာပေါ့။ အဲ့ဒီလို ဖြစ်လို့ ဘယ်ဖြစ်မလဲ။

" ကျွန်တော်ကတော့ ဘာကိစ္စဘဲ ဖြစ်ဖြစ် ဒီအိမ်မှာဘဲ ဆက်နေမှာ ဘယ်မှမပြောင်းနိုင်ဘူး "

" မင်းမပြောင်းချင်လဲ ပြောင်းရမှာဘဲ သမီးလေး ယောန်းနာ ကိုယ်တိုင်ကိုက သူတို့ အိမ်နားကို ပြောင်းခဲ့ဖို့ တောင်းဆိုထားတာ ခြံနဲ့ အိမ်ကစ အကုန် ပြင်ဆင်ထားပြီးပြီ "

အိမ်ထဲကိုဝင်လာရင်း နက်ကတိုင်ကို ဆွဲဖြုတ်ကာ ပြောလာသော အဖေ့စကားကြောင့် စိတ်ထဲ အော်ငိုပစ်ချင်လောက်အောင်ကို မွန်းကြပ်လာသည်။

ထပ်ပြီး ယွန်းယောန်းနာ ဘဲလား။

" အဖေတို့ဘာသာ ပြောင်းချင်းပြောင်း ကျွန်တော်ကတော့ လုံးဝမပြောင်းနိုင်ဘူး ဒီအိမ်ကနေ ဘယ်မှမသွားဘူး!!! "

စိတ်ရှိလက်ရှိ အော်ဟစ်ပြောခဲ့ပြီးမှ အပေါ်ထပ်က သူ့အခန်းတံခါးကို ခပ်ပြင်းပြင်း ဆောင့်ပိတ်လိုက်ပြီး အိပ်ယာပေါ် လှဲချလိုက်သည်။

ယောက်ယပ်ခတ်နေသော စိတ်များက ဘယ်လိုမှကို စုစည်းမရတာကြောင့် ကုတင်ပေါ် ဟိုလိမ့်ဒီလိမ့်။ နောက်ဆုံး ဘယ်လိုမှကို လှဲပြီး မနေနိုင်တော့တာကြောင့် အခန်းထောင့်မှာ ဒူးကွေးထိုင်လိုက်ကာ လက်သည်းများကို ကိုက်နေမိသည်။

​အကိုက်လွန်တာကြောင့် သွေးများမြင်မကောင်းကို ထွက်လာပြီး လက်ချောင်းထိပ်များနှင့် လက်သည်းများက စုတ်ပြတ်သတ်နေပြီဖြစ်သော်လည်း သူကတော့ အသိစိတ်လွတ်နေသည့်ပမာ နာကျင်နေသော လက်ချောင်းထိပ်များကို အာရုံမထားနိုင်ဘဲ ဆက်၍သာ တတိတိ ကိုက်ဖြတ်နေမိသည်။

First KissWhere stories live. Discover now