Unicode
~2015 ခုနှစ်~
Seoul မြို့အသားကင်ဆိုင်ထဲတွင် လူအများ၏ အသံများ၊ ဆိုဂျူးခွက် တိုက်သံများဖြင့် ဆူညံနေသည်။ ဆိုင်ထဲတွင် ကုမ္မဏီက လူများမှလွဲ၍ တစ်ခြားလူများမရှိ။
" Jimin yaa ဘာလို့ဆိုင်ထဲမှာ ငါတို့ရုံးကလူတွေက လွဲပြီး တစ်ခြားသူမရှိတာလဲ "
စိတ်ထဲမတင်မကျဖြစ်မှုကြောင့် အနားမှာထိုင်ကာ အသားကင်များ ပလုပ်ပလောင်းစားနေသော ဂျီမင်ကို အသာလက်တို့မေးရသည်။ သို့သော် ပါးစပ်မအားသော ဂျီမင်အစား နေရာတကာစပ်စပ် စပ်စပ်ရှိသော ဟယ်ဂျင်က
" တစ်ဆိုင်လုံးငှားထားတာလေ ဒီနေ့ ဌာနမှုးအသစ်ရောက်တာတဲ့ အဲ့တာ သူကဘဲ ဝယ်ကျွေးတာလေ ဒီညစာ စားပွဲကို "
" ဪ.... "
" တော်တော် ပိုက်ဆံရှိမဲ့ပုံဘဲနော် "
ကျွန်မက သံရှည်စွဲပြီး ခေါင်းသာ ငြိမ့်လိုက်သော်လည်း ဂျီမင်က ပလုပ်ပလောင်းဖြင့် မှတ်ချက်ပေးသည်။ ထိုအခါ ဟယ်ဂျင်တစ်ယောက် မျက်လုံးများ အရောင်လက်လာပြီး
" ပိုက်ဆံရှိယုံတင်မဟုတ်ဘူးဟဲ့ တော်တော်လဲ ချောတယ်လို့ကြားတယ် အသားလေးက ဖြူဖြူလေးတဲ့ ကျောင်းတုန်းကလဲ basketball ကစားတယ်တဲ့ အိမ်ထောင်မရှိရင် ငါတော့ မြူဆွယ်ပစ်အုံးမယ် "
ပြုံးစိစိနဲ့ ပြောနေသော ဟယ်ဂျင်ကို ကြည့်ပြီး ဟက်ဟက်ပက်ပက်ရီမိတော့သည်။ ဘာတဲ့ အသားဖြူပြီး basketball ကစားဖူးတယ်ဆိုပါလား မဆီမဆိုင် စီနီယာကိုတောင် သတိရမိတယ်။ မတွေ့ဖြစ်တာ ၁၁နှစ် လောက်တောင်ရှိရောဘဲ။ ပြီးတော့ စီနီယာက London ကို ထွက်သွားတယ်လို့ ကြားတယ်လေ။ ဒီလောက်ဆိုရင်တော့ ရေစက် ကုန်လောက်ပြီ ထင်ပါတယ်
" ဟဲ့ဟဲ့ ဟိုမှာလာနေပြီ ချောလိုက်တာဟယ်..."
ပုခုံးကို လှုပ်ပြီး ပြောလာသော ဟယ်ဂျင်ကြောင့် အနောက်လှည့်ပြီး ကြည့်မိလိုက်တော့
" Yoongi seonbae ? "
သေချာ ခေါ်လိုက်ခြင်းမျိုးမဟုတ်ဘဲ အံ့ဩခြင်းများစွာဖြင့် နှုတ်က လွတ်ခနဲထွက်သွားသော အသံတိုးတိုး။ အမြင်ဘဲ မှားတာလား။ လွမ်းနေလို့ မြင်ချင်ရာတွေဘဲ မြင်နေမိတာလား? စီနီယာက ကျွန်မရှိတဲ့ စားပွဲဝိုင်းကို တည့်တည့်မတ်မတ်ကြီး လျှောက်လာတာလေ..

YOU ARE READING
First Kiss
RomanceJungkook OC Fic Summary - Love, comedy, romance, kiss, sad ( Unicode × Zawgyi )