Unicode
မှန်ရှေ့မှာ သူ့ကိုယ်သူ ရပ်ကြည့်ကာ အဖြူရောင် ဆံပင်များကို သဘောကျစွာဖြင့် လက်နှင့် ဖွလိုက် ရီလိုက်လုပ်နေတာ ၁၅ မိနစ်ပင် ကြာနေပြီ ။ ဒီအရောင်ကို အရမ်းစိတ်တိုင်းကျတယ်။
မြို့သေးသေးလေးဖြစ်တာမို့ ဆံပင်အရောင်ဆိုးရုံနဲ့တင် ကျောင်းစည်းကမ်းနဲ့ မငြိနိုင်ပါ။ အဓိကကတော့ အိမ်ကအဖေပေါ့။ အရင်လို ရွှေရောင်နေ့ရက်တွေမှာဆိုရင်တော့ ဆံပင်အရောင်ဆိုးလိုက်တာကို ဆူရင် ဆူခံရလိမ့်မယ် ဒါမှမဟုတ် ရိုက်လျှင် ရိုက်ခံရလိမ့်မည်။
အခုတော့မဟုတ်။ သူ့စကားက အဖေ့အပေါ် တော်တော်သက်ရောက် သွားသည်ထင်သည်။ သူ့မျက်နှာက ပိုက်ဆံ ဝင်ပေါက်ဘဲလေ။
နောက်ထပ် ၅မိနစ်လောက် ရပ်ကြည့်ပြီး စိတ်တိုင်းကျပြီဆိုမှ လွယ်အိတ်လွယ်ကာ အောက်ဆင်းခဲ့သည်။
ဒီနေ့တော့ အမေက မနက်စာ စားသွားအုံး လို့ပင်မပြောတော့ပါ။ တကူးတကကြီး လှည့်မကြည့်မိပေမဲ့ မျက်နှာမကောင်းစွာဖြင့် မနက်စာပြင်နေရင်းက အိမ်ပြင်ထွက်သွားသည့် သူ့ကို ညိုမှိုင်းနေသော မျက်ဝန်းအစုံဖြင့် လိုက်ကြည့်နေတာကိုတော့ မျက်လုံးထောင့်က မြင်ဖြစ်အောင်မြင်လိုက်ပါသေးသည်။
တောင်းပန်ပါတယ် အမေ။ အမေတို့ကိုယ်တိုင် ကျွန်တော့်ကို ဒီလို ပုံစံဖြစ်အောင် လုပ်ခဲ့တာ။
အိမ်ထဲက ထွက်လာပြီး ခြေထောက်ကို ကျောင်းဘက်မဦးတည်ခင် ကြည့်နေကျ ပြတင်းပေါက်လေးကို မော့ကြည့်လိုက်သည်။ ခါတိုင်းလိုပင် ပြတင်းပေါက်များက ပိတ်ထားဆဲ။
ဒီကလေးမလေး အဖျားမပျောက်သေးတာလား မသိဘူး။ တစ်ခါဖျားရင် သုံးလေးရက်လောက်နေမှ ပျောက်တာသူသိတယ်။
" ကိုကိုရေ...စောင့်ပါအုံး "
လေးကန်သော စိတ်အစုံနဲ့ လမ်းကို စိတ်မပါစွာ လျှောက်နေတုန်း အနောက်ဘက်မှ ကြားရတဲ့ ချစ်စရာအသံလေးကြောင့် ဝမ်းသာအားရ လှည့်ကြည့်မိတော့ သူ့ဆီတည့်တည့်မတ်မတ်ပြေးလာတဲ့ ချယ်ရီပန်းလေး။
တော်ပါသေးရဲ့ အဖျားပျောက်သွားလို့။
သူ သွားသေးသေးလေးတွေ ပေါ်အောင်ရီပြလိုက်ပြီးမှ လက်ကို လေပေါ် ဝှေ့ရမ်းပြလိုက်သည်။ အနည်းဆုံးတော့ အနီးနားမှာ ရှိနေခွင့် ရသေးတယ်မလား။ချစ်သူရည်းစားအနေနဲ့ မဟုတ်ဘဲ အစ်ကို တစ်ယောက် အနေနဲ့ဘဲလေ။
YOU ARE READING
First Kiss
RomanceJungkook OC Fic Summary - Love, comedy, romance, kiss, sad ( Unicode × Zawgyi )