Repent (Yoongi's story) {Part 7}

320 51 12
                                    

Unicode

~2015 ခုနှစ်~
ကိုရီယားနိုင်ငံ အင်ချွန်လေဆိပ်

Laggaue ကို ခပ်တင်းတင်း ဆွဲကိုင်ကာ လေဆိပ် အဆောက်အဦးထဲကနေ ထွက်လိုက်တာနဲ့ တပြိုင်တည်း လေပြေနုနုလေးတွေက သူ့မျက်နှာကို တိုက်ခတ်ကျီစယ်သွားသည်။

၁၁ နှစ်ကြာပြီးမှ ပထမဆုံး ခြေပြန်ချခွင့်ရသည့် ကိုရီယားမြေ။

သဘောကျခြင်းများစွာဖြင့် လက်လက်ဆက်ဆက် လေများကို မျက်လုံးမှိတ်ကာ ရှူသွင်းလိုက်သည်။

သူဒီကိုပြန်လာဖို့ ဘယ်လောက်တောင် ကြိုးစားခဲ့ရလဲ။

လွန်ခဲ့တဲ့နှစ်နှစ်က ကလေးငယ်ရဲ့ အကြောင်းကို မထင်မှတ်ပါဘဲ တကယ်ကို မထင်မှတ်ပါဘဲ ကြားသိခဲ့ရတယ်။

ကလေးငယ်က အရုပ်ကုမ္မဏီလေးတစ်ခုမှာ အလုပ်လုပ်နေပါသည်တဲ့လေ။ ထိုကုမ္မဏီကို စုံစမ်းကြည့်လိုက်တဲ့အခါမှာ တိုက်ဆိုင်စွာဘဲ အဲ့ကုမ္မဏီဟာ london မှာအထက်တန်းကျောင်းတက်နေခဲ့စဉ် သုံးနှစ်လုံးလုံး ပေါင်းခဲ့တဲ့ နှစ်ယောက်မရှိသော သူငယ်ချင်း ကင်မ်ဆော့ဂျင်ရဲ့ ဦးလေး ကုမ္မဏီ ဖြစ်နေခဲ့ပြန်တယ်လေ။

သူ့အကြောင်းကို ဘာမှမသိသော်လည်း အထက်တန်းတည်းက သူပြောသမျှ အကုန်ကူညီပေးခဲ့သည့် ဂျင်အား ယခုလည်းဘဲ အကူအညီလှမ်းတောင်းကာ ၂နှစ်လုံးလုံး သူ့ရဲ့ ဇနီး ယွန်းယောန်းနာနှင့် အတိုက်အခံလုပ်ခဲ့ရသည်။

အခုတော့ သူအပြန်ရောက်ချင်ဆုံးသော ကိုရီးယားမြေပေါ် ပြန်ခြေချခွင့် ရနေပြီ။

" ယွန်ဂီ ဟေ့ကောင် လာလေကွာ လမ်းလည်ခေါင်မှာ မတ်တပ်ရပ်ကြီး လုပ်မနေနဲ့ "

ဘယ်အချိန်တည်းက သူ့အနားရောက်လာမှန်းမသိသော ဆော့ဂျင်က သူ့လက်ထဲက laggaue ကို ဆွဲယူကာ မလှမ်းမကမ်းမှာ ရပ်ထားတဲ့ ကားရဲ့ အနောက်ဖုံးကို ဖွင့်ကာ ထည့်လိုက်သည်။

လေထွက်ရုံသာ ရီလိုက်ကာ လက်တစ်ဖက်မှာ ပွေ့ပိုက်ထားသော holly လေးကို တင်းတင်းကျပ်ကျပ် ပွေ့ပိုက်လိုက်ရင်း ကားနောက်ခန်းထဲ ဝင်ထိုင်လိုက်တော့ သကောင့်သားကို မျက်စောင်းထိုးကြည့်သည်။

First KissWhere stories live. Discover now