Repent (Yoongi's story) [Final]

501 53 14
                                    

Unicode

အလောတကြီး ပြေးနေမိသော သူ့ကို လူတွေက အထူးအဆန်းကြည့်နေကြလဲ ဒါတွေကို ဂရုမစိုက်အား။ အချိန်အကြာကြီး ပြေးခဲ့ရလို့လားမသိ။ ခြေဖဝါးများက ဝတ်ထားသော ဖိနပ်ကိုပင် ကျော်လွန်ကာ နာကျင်နေပြီဖြစ်သည်။ ထွက်လာသော ချွေးစက်များကလဲ အများအပြား။ ဆံပင်များပင် ချွေးတွေဖြင့် စိုရွဲနေလေပြီ။

မောပန်းလွန်း၍ ရောက်ရာနေရာတွင် ထိုင်ချပစ်လိုက်ချင်သော်လည်း သူ့နှလုံးသားက ခွင့်မပြု။ နာကျင်နေသော ခြေထောက်များရဲ့ ဦးတည်ရာကလဲ တစ်နေရာတည်း။

ကလေးငယ်ရဲ့ တိုက်ခန်း။

ထိုနေရာသို့ ရောက်ဖို့ 15 မိနစ်လောက် ထပ်ပြေးရအုံးမည်။ taxi ဖြစ်ဖြစ် bus ဖြစ်ဖြစ် စီးပြီး သွားလို့ရပေမဲ့ ဘယ်မှာလဲ ပိုက်ဆံ။

ယွန်းယောန်းနာနဲ့ ကွာရှင်းလိုက်ကတည်းက ပိုင်ဆိုင်မှုတွေအကုန် အသိမ်းခံလိုက်ရတာ အခုသူ့မှာရှိတာဆိုလို့ အဝတ်တထည်ကိုယ်တစ်ခု။

ဒီထပ်ပိုစော၍ ကလေးငယ်ဆီ အပြေးသွားချင်ပေမဲ့ ကွာရှင်းဖို့ကိစ္စတွေနဲ့တင် အချိန်က တစ်လလောက် ကြာသွားခဲ့တာ။

ကလေးငယ်က သူ့ကို နားလည်ပေးကောင်းပါရဲ့။ အခုဆို သူက လွတ်လပ်တဲ့ လူတစ်ယောက်ဖြစ်သွားခဲ့ပြီ။ ဘာမှမရှိတဲ့ လူတစ်ယောက်ကောပေါ့။

ပိုက်ဆံရှာရတာ ဘယ်လောက်ပင်ပန်းပင်ပန်း သူရှာနိုင်ပါတယ်။ သူရဲ့ ကလေးငယ်သာ အနားမှာရှိခဲ့ရင်။

အတွေးထဲ ကလေးငယ်ဝင်ရောက်လာတာနဲ့တင် သူ့မျက်နှာမှာ အပြုံးနုနု ပေါ်ပေါက်လာကာ ပြေးနေသော ခြေလှမ်းများကလဲ ပိုသွက်သွားခဲ့သည်။

တကယ်ကို သူ့ဘဝမှာ ကလေးငယ်ကလွဲ ကျန်တာဘာမှကို မလိုတော့တာ။

တိုက်ခန်းနားရောက်သည်နှင့် ခတ္တအမောဖြေလိုက်ကာ ကလေးငယ် အခန်းကို မော့ကြည့်မိသည်။

သူရောက်နေတယ်ဆိုတာကို ဘယ်လိုပြောရင် ကောင်းပါ့။

ဖုန်းဆက်ရအောင်လဲ သူ့ဖုန်းကို ချပစ်လိုက်မှာ ဆိုးရသည်။

အကြံအိုက်နေသည့် အချိန် အပြင်သို့ထွက်လာသော အရိပ်လေးကြောင့် သူ့မျက်လုံးများ အရောင်လဲ့သွားသည်။ အပြေးသွားမည်ဟု ပြင်လိုက်ပြီးမှ မြင်လိုက်ရသော မြင်ကွင်းကြောင့် အမှောင်ထဲသို့သာ ပုန်းကွယ်လိုက်သည်။

First KissWhere stories live. Discover now