flowers|1|

5.4K 196 5
                                    

Unicode=>🌼

🎶ဆင်းရဲသားတို့ရက်ကွက်မှာ ကျွန်တော်မွေး၊
မီးမရှိတဲ့ တဲကလေးဟာ ကျွန်တော့်အိမ်ပါ။🎶

🎶ပန်းရောင်းရင်းနဲ့ ကျောင်းတက်ရတဲ့သူမို့၊သူဌေးသားများက ကျွန်တော့်ကို မပေါင်းပါဗျာ ။🎶

🎶ကျောင်းခန်းထဲက ပဲပြုတ်သည်မထား၊မျက်စိစပ်လို့ အိပ်ငိုက်ကာကျောင်းကိုလာ။🎶

🎶ပန်းလေးတစ်ပွင့် သူ့ဖို့လေ ကျွန်တော်ချန်ထား၊ မုန့်ဈေးတန်းရဲ့ဝေးဝေးမှာ နှစ်ယောက်ထိုင်ကာ။ 🎶

🎶သူယူလာတဲ့ ထမင်းကြမ်းခဲနဲ့ ပဲပြုတ်ဆီဆမ်းကို၊ အတူတူဝေကာ စားကြရင်းနဲ့ လူကုံထံတွေကြား ။🎶

သံချေးတက်နေတဲ့ စက်ဘီးအိုရှေ့ခြင်းဆီက Bluetooth speaker အသေးစားလေးမှတစ်ဆင့် လွင့်ပျံ့လာသောသီချင်း.....

ဂျောက်* ဂျောက်*

စက်ဘီးချိန်းသံ တဂျောက်ဂျောက်ရဲ့ပိုင်ရှင်က အဝါကွက် ချည်ထည်ဝမ်းဆက် ဝတ်ထားသည် ။ အသားအရည်က ဖြူအုနေတာကြောင့် အဝါကွက်နဲ့တောင်လိုက်ဖက်လွန်းမက လိုက်ဖက်နေပေသည် ။ မျက်နှာဝိုင်းဝိုင်းထက် နှုတ်ခမ်းဖူးက တခါတရံ ဆူပုတ်ပုတ် ၊ မျက်ခုံးကောင်းကောင်းနဲ့ သည်ကောင်လေးက မျက်တောင်၊မျက်ဆံ နက်မှောင်မှုကြောင့် ကြည့်ကောင်းမှုအတိပြီး၏ ။ ကောင်လေးခေါင်းပေါ်ရှိ lavender(ခရမ်းပြာနု) helmet‌အောက်က တစ်စွန်းတစ်စ ထွက်နေတဲ့ ဆံချည်မျှင်၊ အရာအားလုံးခြုံငုံသုံးသပ်ရသော် အဖြူပေါ်အမဲစက်ချသလို ထင်ထင်ရှားရှား ကြည့်ကောင်းနေသည်ပင်။

အင်း...အားလုံးကချစ်ဖို့ကောင်းစွာ ပြည့်စုံမှုတွေရှိနေပေမယ့် ဖျက်စီးနေတာကတော့ ဂျပန်ဖိနပ်နဲ့ သံချေးရောင်ထွက်နေတဲ့စက်ဘီးစုတ်‌ ။ ထားပါတော့လေ နောက်ခုံက ဖြူ၊နီ၊ပန်း၊ဗေဒါတို့ဖြင့် အရောင်အသွေးစုံနေတဲ့ပန်းခြင်းကြီးကြောင့် ကျန်တာ‌တွေကိုလျစ်လျူရှုလိုက်သင့်ပါပြီ ။

ပန်းသည်ကောင်လေးဖွင့်ထားတဲ့သီချင်းက 'ပဲပြုတ်သည်မထား'တဲ့ ။ ဒီသီချင်းကို အရမ်းသဘောကျတဲ့ပုံပဲ ။ ပထမတစ်ခေါက်၊ဒုတိယတစ်ခေါက် ၊ တတိယတစ်ခေါက် စတဲ့ အခေါက်ပေါင်းမရေမတွက်နိုင်အောင် တစ်ပုဒ်တည်း repeat လုပ်ပြီးဖွင့်ထားတယ် ။ အဲ့ဒီအပြင် မနေ့ကရော၊တနေ့ကရော ၊ တနေ့ရဲ့မနေ့ကရော နေ့စဉ်ရက်ဆက်လည်း ဒီသီချင်းတစ်ပုဒ်ထဲပဲ ။ ကောင်လေးကလည်း တစ်ခါတလေ သူ့အသံဩဩနဲ့ သီချင်းလိုက်ဆိုသေးတယ် ။ သစ်ပင်ရိပ်‌အောက်က နေရောင်ပြောက်တွေကြား ဒီကောင်လေးရဲ့အသံရှတတက ကျေးငှက်တွန်မြူသံ‌တွေထက်တောင် သာလွန်စွာလိုက်ဖက်မှုရှိသေး....

ပန်းသည်ယောက်ျား💜Where stories live. Discover now