flowers|18|

658 47 4
                                    

ဝင်းအုတို့ P မြို့က ဇနပုဒ်ရွာစုတ်မဟုတ်ဘဲ ဖွံ့ဖြိုးဆဲ မြို့တစ်မြို့ပေါ့ ။ ဒါပေမယ့်လည်း Aမြို့တော်ကိုခြေချတဲ့အချိန်မှာတော့ တောသားမြို့ရောက်သလို မိုးမျှော်တိုက်ကြီးတွေ ၊ နှစ်ထပ်ကား၊ ကျည်ဆံရထား နဲ့ ဖန်သားတံတားတွေက လုံးဝပါးစပ်ပိတ်မရအောင် ဖမ်းစားသွားတယ်။

Harry potter နဲ့ cartoon (anime) တွေသာ အကြည့်များပြီး TV သိပ်မကြည့်တဲ့သူမို့ ဇာတ်ကားတွေထဲကတစ်ဆင့် Aမြို့ရဲ့ခမ်းနားမှုတွေကို သူမရိပ်စားမိပါဘူး ။ သူသုံးတဲ့ M app ကလည်း Pမြို့ကလူတွေ အများစု အပြန်အလှန်စကားပြောဖို့ အများစုသုံးပြီး အကြောင်းမရှိရင်‌ ဘေချွေတာတဲ့အနေနဲ့သိပ်မသုံးတတ်တော့ ပိုဆိုးပါကော ။

.
.
.

Ji Group ဆိုတဲ့ မီးညွှန့် မီးဆိုင်းတွေနဲ့ တဟီးဟီးထနေတဲ့ နံမည်ကိုတွေ့ကာမှ သူသွားလိုတဲ့နေရာရောက်မှန်းသတိရတော့တယ် ။ ရင်ထဲမှာ ရုတ်တရပ်ခံစားသွားရတယ် ။ အခုအဖြစ်က ‌မိန်းမတစ်‌ယောက်ရဲ့မာယာအောက်မှာ နစ်ဝင်ပြီး ဇနီးကိုလျစ်လျူရှုမိတဲ့ အိမ်ထောင်ရှိအမျိုးသားတစ်ယောက်လိုမျိုး ၊ A မြို့ရဲ့မြူစွယ်မှုတွေကြောင့် ဂျီဂျီ့ကိုမေ့ရော့နေခဲ့တာပဲ .....

နီးရာ bell နှိပ်ဖို့လုပ်ပြီးမှ ရှေ့ကစီနီယာတွေ ထွက်ပေါက်မှာ သူ့ထက်ငါအရင် နှိပ်နေတော့ ခပ်တည်တည်ပဲ နောက်ကလိုက်ဆင်းလိုက်သည်... စွမ်းအင်ချွေတာရမယ်လေ ✧◝(⁰▿⁰)◜✧

Aircon bus ထွက်သွားတာနဲ့ မြင်ရမဲ့မြင်ကွင်းက သူ့နေရာသူ သွားလာလှုပ်ရှားနေတဲ့ လူအများရယ် ၊ အုန်းမိုးခွက်ဓာတ်လိုက်ကေနဲ့ မျက်နှာဝိုင်းပါးဖောင်း ကောင်‌လေးက ကျောပိုအိတ်လွယ်ပြီး စက္ကူဗူးပိုက်ရင်း တစ်ပတ်လည်ငေးမောနေတဲ့ ရှောက်သီးလိုသူရယ်...

နေဝင်ချိန် မှောင်ရီပျိုးစအချိန်မှာ Aမြို့ရဲ့ညနေခင်းအလှအပက (ဟုဟူးး) ရင်သက်ရှုမောဖွယ်လို့ တင်စားရမှာပဲ!

ကားပေါ်မှာ မြင်နေတဲ့မြင်ကွင်းကိုမှ ထပ်ကွန့်လိုက်တော့ ဖန်သားတံတားပေါ်မှာ ရောင်စုံမီးတွေဟပ်နေတယ် ၊ လမ်းမီးတိုင်တွေအပြင် မြေအောက်ရထားလမ်းက‌လည်း မီးတွေပွင့်လို့.... မိုးမျှော်တိုက်ကြီးတွေပေါ်က ပြေးဆင်းလိုက် ပြန်တက်သွားလိုက်နဲ့မျိုးစုံပုံဖော်နေတဲ့ လျှပ်စစ်မီးတွေ၊ တိုက်ကပ် TV တွေနဲ့ posters မှာ ဆင်ထားတဲ့ အလှမီးတွေက လမ်းမထက်မှာ ကာလာစုံဖြာကျနေတာတွေက ‌ကောင်းကင်ဘုံက အာတာပူစီသဏ္ဍန်တိမ်ရောင်စုံသဖွယ်....

ပန်းသည်ယောက်ျား💜Where stories live. Discover now