နာရီလက်တံတစ်ပတ်လည်သလိုမျိုး မူလနေရာပြန်မရောက်နိုင်တဲ့ လူ့ဘုံဘဝမှာတော့ အချိန်ကာလတွေ အခြေအနေတွေဟာမျက်လှည့်ဆန်ဆန် ပြောင်းလဲသွားခဲ့ပါတယ်။
အိတုန်ကအခုနောက်ပိုင်း အိမ်မကပ်တော့ဘူး ၊ မနားမနေ ကြိုးစားနေတယ်။ ကြီးကြီးတုန်တို့ကလည်း အိတုန်ရဲ့ပြောင်းလဲမှုအပေါ် ပြည့်ပြည့်ဝဝစိတ်မချနိုင်သေးဘဲ မြေ့မြေ့လေးပူလောင်နေကြတယ်။
ပြဿနာတွေပြီးတဲ့နောက် ဘာတွေတိုးပွားလာလည်းဆိုရင် ပန်းသွားရောင်းတိုင်း အရှုပ်ထုပ်တစ်ထုပ် တိုးလာတယ်ပေါ့ ။
သူ့အပူနဲ့သူဖြစ်နေတဲ့ လူကြီးတွေကိုလည်း 'ရော့အရှုပ်ထုပ် ယူထားလိုက်' ဆိုပြီးသွားမပေးချင်ဘူး ။ အဆိုးတကာ့အဆိုးဆုံးက တောက်တဲ့တောင်မိုးကြိုးပစ်ရင်ကွာကျနိုင်ပေမယ့် ကိုကြီးကတော့ 'သားကအုအုရဲ့အသက်တစ်သက်ပဲ' ဆိုပြီးအနားကမခွာတော့တာ ။ နောက်ဆုံး အိမ်သာတက်ရင်တောင် အရုပ်ဆွဲပြီးအိမ်သာရှေ့လိုက်ဆော့တယ် ။
မတတ်နိုင်တော့တဲ့အဆုံး စိတ်ထားကောင်းတဲ့ဝင်းအုကပဲ စက်ဘီးဘိုးဘိုးကြီးပေါ် ပန်းခြင်းတင်တွန်းပြီး ကိုကြီးကိုခေါ်ရင်းပန်းရောင်းရတယ် ။ နစ်နာတယ်လို့ မဆိုသာပေမယ့် ဟိုအိမ်ပြေးဒီအိမ်ပြေး မမောနိုင်မပန်းနိုင် ပြေးလွှားပို့တဲ့ကိုကြီးက ပိုက်ဆံမပေးရတဲ့ အခမဲ့ delivery သမား ပါတနာအသစ်ပေါ့ ။
ဒါပေမယ့် ပန်းရောင်းနေတဲ့ တလျှောက်လုံး နောက်ကနေလစ်ရင်လစ်သလို ပန်းခိုးဆော့ဖို့ ကြံတဲ့ကိုကြီးကို ဝက်လက်(ရောင်ကိုင်း)ဖြစ်အောင် ရိုက်ပစ်မယ်ဆိုပြီးရုပ်တည်ကြီးနဲ့တော့ ချိန်းခြောက်ရတယ် ။ အဲဒီလိုမှပဲ ခန္ဓာကိုယ်ကြီးနဲ့မလိုက်အောင် ဆူမှာရိုက်မှာ ကြောက်တတ်တဲ့ကိုကြီးက မျက်နှာငယ်လေးနဲ့ ငြိမ်ကျသွားတာမျိုး ။
လူဆိုတာမျိုးက မြေနိမ့်ရာလှံစိုက်၊ ကြောက်တတ်သူကိုဖြဲခြောက်တတ်တဲ့အမျိုးဆိုတော့ ပျော့ကွက်ရှိတဲ့ကိုကြီးအတွက် အဲဒီပျော့ကွက်ကိုဗြိကနဲ စိကနဲ ဗြိစိကနဲ မြည်အောင်ဆွဲဆုပ်ပြီး နိုင်နိုင်နင်းနင်း ကိုင်တွယ်နေနိုင်တယ် ။
YOU ARE READING
ပန်းသည်ယောက်ျား💜
Romanceပန်းသူခိုးရယ်... ခန္ဓာကိုယ်မှာ အဖုအထစ်လှလှနဲ့ ခြေတံရှည်ကြီးတွေရှိပြီး "သားကလေ" လို့ပြောတတ်တဲ့ ဘယ်ကရောက်လာမှန်းမသိတဲ့ ကျပ်မပြည့်ရယ်... ဇာတ်လမ်းလေးကဒီလိုစတယ်... " ကောင်းတယ် ၊ ဆက်သာအီ သား သား ငါယိုးမသားရေ။ " Pee_Thu🐣=> start~13.6.2021 ပန်းသူခိုးရယ်...