flowers|21|

516 35 0
                                    

" ဟုတ် အမေ ၊ သားတို့အခု ပြေလည်သွားပါပြီ ၊ စိတ်မပူပါနဲ့ ဂျီဂျီကသားကိုအရမ်းဂရုစိုက်ပါတယ်။ ဟုတ်ကဲ့ ဒါဆို ဖုန်းချပြီနော် အဖေနဲ့အမေ ၊ ဟုတ် ဂျီဂျီ့ကို ပြောလိုက်ပါ့မယ် ။ "

" ဂျီဂျီ! "

သူဖုန်းပြောတဲ့အချိန် ရေသွားချိုးတဲ့မွှေးညိုကြောင့် ဖုန်းအမြန်ချပြီး ဂျီဂျီ့ဆီအပြေးသွားရတယ် ။ သူနဲ့ဂျီဂျီ့အဖို့ အခုလိုအချိန်က ရှားပါးသွားပြီလေ ၊ ဘယ်လိုအချိန်လည်းမေးရင် နှစ်ကိုယ်တူ တစ်တီတူးရမဲ့အ‌ချိန်ပေါ့ ။

" ပိုးလုံးလေး! "

ဝရံတာက လှမ်းကြည့်တာတောင် ခန့်ညားလွန်းတဲ့ ချစ်ဦးသူကို ဒရမ်မာဆန်ဆန် ‌အပြေးသွားဖက်တော့ ဂျီဂျီကလည်း ပေါင်ပေါ်က laptop ကို ချပြီး ပေါချာချာနဲ့ ရင်ဘတ်ကြီးဖွင့်လို့ ကြိုဆိုတယ် ။

" လွမ်းနေတာ ဂျီဂျီ.... "

" ငါရောပဲ "

" အဟမ်း! "

'အူး'ရဲ့နောက်က'မွ' တောင် မထွက်လိုက်ရဘူး ။ ဖက်ပြီး နှုတ်ခမ်းခြင်းထိဖို့ လက်တစ်ဆစ်စာလောက်ပဲ လိုတော့တဲ့ သူတို့နှစ်ယောက်က ဆွဲခွာခံလိုက်ရတယ် ။ ပြီးတာနဲ့ သူတို့ကြား အတင်းတွန်းတိုက်ပြီးဝင်ထိုင်နေတဲ့ ကျက်သတုန်း‌ မွှေးညို ။ဂျီဂျီမသိပေမယ့် သူသိတယ် ဒီဘဲ ဂျီဂျီ့ကိုကြိတ်ကြွေနေတာ ။

" အမ်ဟမ်? "

လုပ်ချင်ရာ လုပ်ထားပြီး သူသာလျှင် အဖြူစင်ဆုံးဇာတ်ခင်းနေပြန်ရော ...

ဒီလူက သူတို့နှစ်ယောက်ကြားကို အမျိုးမျိုးခွဲနေတာ ၊ အိပ်တဲ့အချိန်တောင် အလယ်မှာကန့်လန့်ကြီး။ ရေချိုးရင်လည်း အရမ်းမြန်လွန်းတယ် ချေးမတွန်းလောက်ဘူး ၊ အခုလည်း သူတို့နှစ်ယောက်အတူရှိမှာစိုးလို့ ခေါင်းတောင်မသုတ်ဘဲ ထွက်လာတဲ့ပုံ ။ သူများမကောင်းကြံ ကိုယ်သာခံပြီး လေဖြတ်သွားရင်လည်း တခါတည်းမွေးရပ်ဌာနီဆီ ပြန်ရောက်ဦးမယ် ။

သူတို့နှစ်ယောက် သတ်ရပေါင်းလည်းမနည်းတော့ဘူး တစ်ယောက်နဲ့တစ်ယောက်ချောက်တွန်းတာမျိုး၊ ပစ္စည်းတွေလျှောက်ဖွက် ၊ မီးရှို့၊ အိပ်ဆေးတွေခပ်၊ ဝမ်းနှုတ်ဆေးခပ် အပြန်အလှန်တွေ လုပ်ကြံနေကြတာ ဒေါသထွက်၊အမြင်ကပ်လို့ဆိုပေမယ့် ကျန်တဲ့ ဆယ်ရာခိုင်နှုန်းက ပျင်းလို့လည်းပါတယ် ။ ဂျီဂျီက သူ့အနားအမြဲမရှိနိုင်တဲ့ အလုပ်သရဲလေးဖြစ်သွားပြီလေ ။ အချိန်မပေးနိုင်လို့စိတ်မကောင်းဖြစ်နေတဲ့ ဂျီဂျီက အားလုံးပြီးသွားရင် အခုလောက်အလုပ်မရှုပ်တော့ပါဘူးလို့တော့ နှစ်သိမ့်တာပဲ ။ အဲ့ဒီအချိန်မရောက်ခင်တော့ သူ့ရန်သူတော်ကြီးမွှေးညိုကို ပြိုင်ဆိုင်ဒုက္ခပေးပြီး အချိန်ဖြုန်းရဦးမှာပေါ့ ။

ပန်းသည်ယောက်ျား💜Where stories live. Discover now