flowers|7|

908 72 2
                                    


အပြန်နဲ့အသွားရဲ့ကွာခြားချက်က ကြောက်ဖို့ကောင်းစွာ တိတ်ဆိတ်နေခြင်းပါပဲ...

သတိုးတေဇ ရောက်လာတာကြောင့် သူတို့အားလုံးမင်္ဂလာပွဲက ချက်ချင်းထွက်လာခဲ့တယ်။ ကိုကြီးကလည်း အခြေအနေမကောင်းမှန်းရိပ်မိတာကြောင့်ထင်ပါရဲ့ သူ့ရဲ့လက်ကိုတွဲဆော့ပြီး အထွန့်မတက်ဘဲ တိတ်တိတ်လေးပါလာတယ် ။

မင်္ဂလာသီချင်းသံသဲ့သဲ့ပဲ ကြားနိုင်တော့တဲ့နေရာရောက်မှ အိတုန်ကရပ်လိုက်ပြီး သက္ကကျော်ကို ကြည့်ကာ. . .

" တစ်ခုခုပြောဖို့ရှိလား? "

အိတုန်ရဲ့မျက်ဝန်းတွေကို သက္ကကျော်ကဖတ်တတ်နိုင်ဖို့ မသေချာပေမယ့် ငယ်သူငယ်ချင်းဖြစ်တဲ့သူကတော့ ကောင်းကောင်းကြီးနားလည်တယ် ။ ဒီအတောအတွင်းမှာ အိတုန်က သူ့ရဲ့နှလုံးသားတံခါးကို သက္က‌ကျော်အတွက် တစ် စင်တီမီတာလောက် တိတ်တိတ်လေးဖွင့်ဟပေးထားတယ် ။ ဒါကို သူ့ကိုယ်သူလည်း လိမ်ညာထားသလို သူများတွေကိုလည်း ဖုံးကွယ်ထားခဲ့တယ် ။

အခုလည်း သူ့အကြည့်စူးစူးတွေထဲမှာ သူတို့နဲ့သတိုးတေဇကြားက ပြဿနာတွေကို သက္ကကျော်မသိထားဖို့မျှော်လင့်ချက်တွေ ရောပါနေတယ် ။

" ကိုယ်... "

" သူ့ရဲ့ညီဆိုတာ နင်တစ်ယောက်တည်းရှိတာလား? "

သူမဖြေရဲဘူး ၊ အရင်တုန်းက စကားနည်းပြီးချေလွန်းတဲ့ ချစ်သည်းတုန်းက ဒီနေ့မှာတော့ ခက်ခဲတဲ့မေးခွန်းတွေပဲ ဆက်တိုက်မေးနေခဲ့တယ် ။ နှလုံးသားတွေတဆတ်ဆတ်တုန်ယင်လာတဲ့အထိ၊ ချွေးစေးတွေပြန်တဲ့အထိ သူအရင်တုန်းက အရမ်းလိုချင်ခဲ့ဖူးတဲ့ သည်းတုန်ရဲ့အကြည့်ကို ကြောက်ရွံ့စွာ ရှောင်ဖယ်နေမိတယ် ။ တကယ်ဆိုအရာအားလုံးကို ဖုံးကွယ်ထားချင်တယ် ဒါပေမယ့် ဟိုခွေးမသား(သတိုးတေဇ)က ငြိမ်နေမယ့်သူမဟုတ်ဘူး ။

သူအရမ်းမှားခဲ့တယ် ၊ အချိန်တန်ရင်ပြန်အဆင်မယ်ထင်ပြီး လျစ်လျူရှုခဲ့သမျှက ချစ်ရသူရဲ့အချစ်ဆုံးသူငယ်ချင်းကို ဆုံးရှုံးရတဲ့အထိ ပြဿနာကြီးမားသွားခဲ့တယ်လေ ။

သူ့ရဲ့တိတ်ဆိတ်မှုမှာ အဖြေတွေအများကြီးရသွားပုံရတဲ့ သည်းတုန်နဲ့ လှိုင်ဝင်းဦးက သတိုးတေဇကိုကြည့်တုန်းက အကြည့်တွေနဲ့ထပ်တူညီပဲ စိုက်ကြည့်နေကြတယ်။

ပန်းသည်ယောက်ျား💜Where stories live. Discover now