flowers|16|

587 48 0
                                    

ဧည့်ခန်းရဲ့ဟိုဘက်သည်ဘက်လျှောက်ရင်း TV ကြည့်နေတဲ့ကိုကြီးကို လှမ်းကြည့်ကာ ....

" အမေ..... သားပန်းရောင်းသွားတော့မယ်နော် ။ "

" ငါကနင့်အနားလေးတင်လေ ဘယ်လိုကြောင့် အသားကုန်အော်နေရတာလဲ? "

အနောက်မှာရောက်နေတဲ့အမေက ဆူပေမယ့် ကိုကြီးကတော့လှည့်တောင်မကြည့်....

" အဖေ့ သားပန်းရောင်းသွားတော့မယ်!!!"

ဒေါက်*

" အ့ အမေ! "

" နင့်အဖေ အလုပ်သွားတာသိတယ်မလား ၊ နင်ဖင်ကွဲအောင်အော်နေလည်း ကောင်လေးကို နင်နဲ့မထည့်ပေးဘူး ။ သွား သွား သွားစရာရှိတာသွား! "

" ဟိုကောင်လေး ပြူးကြည့်မနေနဲ့ TV ဆက်ကြည့် ၊ ဒင်းလိုအနိုင်ကျင့်တဲ့သူကို ဘာမှလိုက်ကူညီစရာမလိုဘူး ..... "

အမာန်ခံလိုက်ရတဲ့ ကိုကြီးက နှုတ်ခမ်းဆူပြီးပြန်လှည့်သွားတယ်....

" အနိုင်မကျင့်ပါဘူးဆို အမေကလဲ ၊ အခု ဘယ်သူကရောခေါ်နေလို့လဲ အမေမကြားမှာဆိုးလို့ နှစ်ထပ်သိမှမှတ်မိအောင်ပြောပေးတာ.... သွားပြီ! "

မနေ့ကဆောင်းတဲ့ ခဲရောင်လေးကိုပဲ သစ္စာရှိရှိ ဒီနေ့လည်းဆက်ဆောင်းမယ် ။

ဦးထုပ်ကိုခပ်မြန်မြန်ဆောင်းပြီး အိမ်ထဲကဆောင့်အောင့်ကာတစ်လှမ်းခြင်း ထွက်သွားသည် ။ ပါးစပ်ကလည်း....

" ဘာမှလည်းမဆိုင်ဘူး! ဘယ်သူက ကိုကြီးကိုခေါ်နေလို့လည်း ၊ အသံကျယ်ကျယ်ပြောမိတာနဲ့ လှမ်းခေါ်တာလို့ ဘယ်လိုများတွေးတာလဲ? အရင်ကလည်းတစ်ယောက်တည်း အခုလည်းတစ်ယောက်တည်း ဝင်းအုတို့ကဝမ်းနည်းမနေဘူး ။ "

နောက်ဆုံးတော့လဲ ဒီစက်ဘီးအဖိုးကြီးနဲ့ညားတာပဲ!!

ဂျောက်* ဂျောက်*

အမေတို့ကလေ အဲ့ဒီနေ့ကသူတို့ကိုတွေပြီး လှိုင်ဝင်းအုက ကိုကြီးကို လှည်းတွန်းခိုင်းတာ အနိုင်ကျင့်တာပါဆိုပြီး ဆူတော့တာပဲ ။ ကိုကြီးက တအားဆော့ထားတော့ ချွေးတွေထွက်နေတာက ပြောစရာပိုဖြစ်သွားတယ်လေ ။ နှစ်ယောက်လုံးဘယ်လောက်ငြင်းငြင်း အဖတ်လုပ်မခံရဘဲ သူတို့ဆူသမျှပဲခံလိုက်ရတယ် ။

ပန်းသည်ယောက်ျား💜Where stories live. Discover now