flowers|10|

736 53 0
                                    

" ဝင်းအု..."

" အိတုန်! ငါအခုပဲ နင့်အိမ်လာမလို့ ။"

" ငါတို့အိမ်မှာ ဟင်းပိုချက်မထားဘူးနော်။ ကိုဖြူတုတ်အတွက်တော့ရမယ်။ "

" နင်ကရုပ်နဲ့ရည်နဲ့လိုက်အောင် ယုတ်မာတာပဲ။"

နှစ်ယောက်သား ဘာရယ်မဟုတ် ရယ်မိကြသည်။

" ဝင်းအု..."

" ငါ နှင်းလိုအမျိုးသမီးတွေနောက်ထပ်ရှိမလာအောင်ကြိုးစားတော့မယ်။ ပြီးတော့ ခေတ်အဆက်ဆက် brain wash ခံထားရတဲ့အတွေးအခေါ်တွေကို ပြောင်းလဲနိုင်ဖို့ရောပဲ... "

" နှင်းကဘာအပြစ်မှမရှိဘူးလေဟာ ။ ဒါကြောင့် ဘယ်သူ့ ဘယ်သူရှေ့မှာမှ ပုန်း‌ရှောင်နေစရာမလိုဘူး ။"

" ငါအိမ်မှာလည်းပြောခဲ့ပြီးပြီ ။ ငါရှေ့မှာမို့လို့ဆိုပြီး နှင်းရဲ့နံမည်ထွက်ဖို့ မခဲယဉ်းပါနဲ့ ။ နောက်နှစ်ကစပြီး ငါကိုယ်တိုင်နှင်းအတွက်အလှူဒါနပြုမယ် ။ သတိုးတေဇလိုကောင်မျိုးကို လူတောမတိုးရဲအောင် ၊ ရှက်ရွံတတ်အောင် ငါသင်ပေးမယ်... "

နာကျဉ်မုန်းတီးခြင်းတွေနဲ့အတူ အပြစ်ရှိသူကို အပြစ်ဒဏ်ခတ်ဖို့ မစောင့်ဆိုင်းနိုင်တော့တဲ့ ယမမင်းလိုမျိုး မျက်လုံးတွေက ယုံကြည်ချက်အပြည့်နဲ့ စူးရဲတောက်ပနေသည် ။

" မျက်လုံးတွေကအမြဲအမှန်တိုင်းပြောတယ်။ ‌နင်‌ပြောတဲ့အတိုင်း လုပ်မဲ့အကြောင်း၊ ငါနင့်ကိုယုံတယ် ။ "

" ဒါပေမယ့်... ချက်ချင်းပြောင်းလဲသွားတဲ့ အကြောင်းပြချက်က ဘာလဲ?"

" ငါညကအိမ်မက်ရှည်တစ်ခုမက်ခဲ့တယ် ဝင်းအု ။ Reality ဆန်လွန်းလို့ သေချင်လောက်အောင် ပင်ပန်းရပေမယ့် နိုးထဖို့စိတ်ကူးမရှိခဲ့ဘူး ။ "

" အင်း...အဲ့မှာ အိမ်မက်ကငါ့ကိုတစ်ကွက်ပြသွားတာဟ ။ ငါကအိမ်မက်‌ယောင်သူလို အိမ်မက်ထဲမှာပဲယစ်မူးနေပြီး လက်တွေ့ကိုရင်မဆိုင်ရဲတဲ့ ငကြောက်တစ်ယောက်လိုပဲ ။ "

" အိမ်မက်ထဲမှာ သူ့ပုံရိပ်တွေလိုက်ဖမ်းနေမယ့်အစား ပစ္စုပ္ပန်ဘဝစစ်မှာပဲ သူဂုဏ်ယူရမယ့် သူတစ်ယောက်ဖြစ်အောင် အကောင်းဆုံးကြိုးစားရပ်တည်မယ် ။ "

ပန်းသည်ယောက်ျား💜Where stories live. Discover now