flowers|17|

581 47 0
                                    

ခြံဝန်းထဲမှာ ငုတ်တုပ်ထိုင်ကာ ဘီယာဗူးတစ်ဗူးနဲ့ ရေခြောက်ခွက်ရောပြီး သောက်နေမိသည် ။ ညမှောင်မှောင်လရောင်အောက်မှာ ဂျီဂျီရေ လို့ အကျယ်ကြီးဟစ်ကြွေးပြီးဆွေးချင်ပါသော်ငြား ငါယိုးခြင်တွေ လာကိုက်တာကြောင့် ဆွေးရတဲ့ခရီးကမဖြောင့်တန်းပါဘူး .....

နောက်ဆုံး တစ်လုပ်သောက်ပြီး အိမ်ထဲကို ဒယိမ်းဒယိုင် ဝင်ခဲ့သည် ။

" မင်းဒီလိုပဲ ဆက်လုပ်နေတော့မှာလား "

" ကျွန်တော့် နာကျင်မှုတွေမပျောက်သရွေ့ပေါ့ ။ "

" သား မင်းတော်သင့်ပြီ ရပ်လိုက်ပါတော့ကွာ .... "

" ဟင့်အင်း အဖေ ကျွန်တော်မရပ်တန့်နိုင်ဘူး ၊ "

ဒေါက်*

" မရပ်တန့်ချင်ဦး အဲ့ဒါ ၊ အမြည်းဆိုပြီး ဟင်းခွက်ထဲကိုနှိုက်နေတာ တော်တော်များနေပြီနော် ၊ အဲဒီ‌လောက်မြည်းချင်ရင် ဝယ်စားပါလား ကပ်စီးကောင်ရဲ့ ။ "

" အမေ့! "

" အဲ့ဒါကြောင့် ငါရပ်ပါလို့ ပြောတာပေါ့ ။ "

" အဖေ... "

" ကျွန်တော့်ရင်တွေနာကျင်နေတယ် ။ ဟော့ဒီရင်ဘတ်ကြီးတစ်ခုလုံး နာကျင်နေတယ် ။ လွှတ်ထားပေးပါဗျာ အဖေတို့ ကိုယ်ချင်းစာပေးကြပါ ၊ ကျွန်တော်လွမ်းလို့ရူးပြီအဖေရဲ့!! "

ဖြောင်း*

" အ အဖေ ကျွန်တော့်ကို ရိုက်တယ်။ "

စိုစိစိ ဖြစ်လာတဲ့နှာခေါင်းကို လှမ်းတို့ကြည့်ကာ....

" အဖေ ကျွန်တော့်ကို သွေးထွက်တဲ့အထိ ဟားးးး ဘာလို့လဲ ဘာလို့လဲလို့! ဘာလို့များ ။ "

" နင့် နှပ်ချေးတွေပါဟယ် သေချာလည်းကြည့်ဦး ။ "

" မင်းပါးမှာ ခြင်ကိုက်နေလို့ရိုက်ပေးတာပါကွာ ။ "

" အဲ့လောက်တောင်ဖြစ်နေရင်လည်း Aမြို့ကို လိုက်သွားချည်။ "

" မသွားရပါဘူး ၊ ကိုကိုးနော် သားကတစ်ယောက်တည်းဘယ်တုန်းက သွားဘူးလို့လဲ ၊ ဝင်းအု နှမ်းစေ့လောက် သောက်ထားပြီးရင်လည်း အခန်းထဲဝင်တော့ လက်မပါချင်ဘူး ။"

ပန်းသည်ယောက်ျား💜Where stories live. Discover now