flowers|Side Story|

432 30 0
                                    

ဘုန်း!!

အိတုန်က ယောက်ျားတစ်ယောက်ကိုကိုင်ပေါက်လိုက်တာ ။ မပြောင်းမလဲ အရင်လို ကြွက်ကိုက်ကေ ပြန်ထားတုန်းပဲ။ ပြောင်းလဲသွားတာဆိုလို့ မိဘဆိုင်ကိုမကူဘဲ ကော်ဖီဆိုင်လေးဖွင့်ပြီး သာယာနေတာပေါ့။ သူ့အပေါ် ရိသဲ့သဲ့လုပ်ပြီး အချိုးမပြေရင် ခုဏလို ကိုယ်လက်လှုပ်ရှားမှုနည်းနည်းလုပ်ပေးတယ်။ သူ့ရဲ့တစ်နေ့တာက ရိုးရှင်းပြီး ကြည်လင်တယ်။

မကြာခင်မှာ ဆိုင်ထဲဝင်လာတဲ့ သက္ကကျော် ၊ waiter ဝတ်ဆုံလဲပြီး ကျရာအလုပ် ဝင်လုပ်တော့သည် ။

သက်ပြင်းခပ်လေးလေးချမိတယ် ။ သက္ကကျော်က ဇွဲမလျော့ဘဲ အိတုန်ရဲ့ခွင့်လွှတ်မှုရဖို့ နည်းမျိုးစုံကြိုးစားခဲ့တယ် ။ ခွင့်လွှတ်နိုင်သွားပေမယ့် သူလိုချင်တဲ့ခံစားချက်မျိုး မပေးနိုင်တော့ဘူး ၊ နားလည်အောင်ပြောပြပေမယ့် နားမလည်တဲ့ သက္ကကျော်ကို အိတုန် လက်လျော့လိုက်တယ် ။

သူဟာ နှင်းအတွက် ကြိုးစားခဲ့ပြီး ၊ နှင်းအတွက်ပဲ ရှင်သန်သွားတော့မှာ ။ သူ့ဘဝကို သူရှာတွေ့ခဲ့ပြီ ။ သူက သေသည်အထိ သူ့နှလုံးသားမှာ နှင်းကိုပဲအပြည့်နေရာပေးလိုက်တော့မှာပါ ။

•••••••••••side story•••••••••••

သည်းတုန်ရဲ့ မျက်ဝန်းတွေကပြတ်သားလွန်းတယ်။ သူ့အတွက် တစ်ဘဝစာလုံး အခွင့်အရေးမရှိတော့တဲ့အကြောင်း သူကိုယ်တိုင်သိပေမယ့် မစွန့်လွှတ်နိုင်ဘူး ။ သည်းတုန်က ဘယ်သူ့ကိုမှမရွေးချယ်ပဲ တစ်ယောက်တည်းရှင်သန်မယ်ဆို သူလည်းသည်းတုန်အတိုင်း နေပစ်လိုက်မယ် ။ တစ်ယောက်ကိုတစ်ယောက်မရွေးချယ်လည်း အနီးဆုံးမှာနေပြီး အတူတူအိုမင်းသွားချင်ပါတယ် ။

ငါ မင်းကိုမနာလိုဘူး နှင်းဟေမာန် ၊ မင်းက သည်းတုန်ကို တစ်သက်လုံး အပိုင်ယူသွားတယ် ။

ပြီးတော့ တောင်းပန်ပါတယ် နှင်းဟေမာန် ၊ အခွင့်အရေး ရှိပေမယ့် မကယ်တင်ခဲ့လို့ ။

မိတဆိုးငါ့ကို မေတ္တာစစ်နဲ့ချစ်‌မြတ်နိုးပေးတဲ့အမေ့(မိထွေး)ကို လက်ခံနိုင်ပေမယ့် အမေနဲ့ပါလာတဲ့ မျက်နှာနှစ်ဖက်နဲ့သူ့သားကိုတော့ မုန်းတီးရွံရှာလွန်းလို့ မဖြစ်မနေကိစ္စတွေကလွဲရင် စကားတစ်ခွန်းပိုပြောဖို့တောင် မသတီခဲ့လို့ အရာအားလုံးလျစ်လျူရှုခဲ့မိတယ် ။ တကယ်ဆို ငါက နဂိုတည်းက လူကောင်းမှ မဟုတ်ခဲ့ပဲ.....

ပန်းသည်ယောက်ျား💜Where stories live. Discover now