စည်းနှောင်ထားတဲ့ ကြွက်ကိုက်ဆံပင်က လေအဝှေ့မှာ သူ့မျက်နှာကိုထိတွေ့နေပေမယ့်လည်း ဂရုမထားတဲ့အိတုန်က ဖယ်ရှားဖို့စိတ်ကူးမရှိ။အားယူသလို မျက်လုံးစုံမှိတ်ထားရာကနေ ပွင့်လာခဲ့သည် ။
သူသေချာသတ်မှတ်ပြီးသား အဖြေတစ်ခုရှိရက်နဲ့ အပြုသဘောဆောင်တဲ့ မေးခွန်းတစ်ခုမေးတဲ့သဘောက စိတ်သက်သာရာရအောင်ဖြေသိမ့်ဖို့လား ဒါမှမဟုတ် တခြားတခုခုလား?
" ငါတို့အဆင်ပြေဖို့အတွက် နှင်းကိုမေ့ပစ်ထားတာ တရားရဲ့လား ဝင်းအု။ "
ပုံမှန်ဆို စိတ်ဓာတ်မာကြောတဲ့ အိတုန်က နှင်းနဲ့ပတ်သတ်ရင်တော့ အခွံမပါတဲ့လိပ်တစ်ကောင်ပဲ ။
အမြဲတမ်းသုံးယောက်သား တပူးပူး တတွဲတွဲ ဆိုပေမယ့် မိန်းမသားချင်းဖြစ်တဲ့ အိတုန်နဲ့ နှင်းက သူ့ထက်တော့ မသိမသာလေးတစ်ဆင့်ပိုခင်တွယ်ကြတယ် ။ သူတဖြည်းဖြည်းရိပ်မိလာတဲ့အချိန််မှာ အိတုန်ကနှင်းကို သူငယ်ချင်းထက်ပိုပြီး အချစ်ဦးတစ်ယောက်လို ရူရူမူးမူး ချစ်မိသွားပြီ ...
သူတောင်ရိပ်မိမှတော့ နှင်းကမရိပ်မိဘူးဆိုတာ ဖြစ်နိုင်ချေနည်းနည်းလေးတောင်မရှိဘူးပေါ့။ ဒီလိုဆိုမှပဲ နှင်းရိပ်မိနေတဲ့အကြောင်းကိုလည်း အိတုန်ပြန်သိနေမှာပဲ။
ကာယကံရှင်နှစ်ယောက် အသိမှတ်မပြုတဲ့
မျက်နှာမွဲဒီအချစ်ကို သူ့ဘက်ကလည်း အနေကြပ်အောင် ထုတ်မမေးချင်ခဲ့ဘူး ။ အနေရခက်ခြင်းနဲ့စတဲ့ အကြောင်းပြချက်အမျိုးမျိုးကြောင့် သူတို့သုံးဦး သွေးကွဲမှာကိုမလိုလားဘူးလေ...ဘယ်သူကစပြီး ချမှန်းမသိ ချထားတဲ့ စည်းမျဉ်းတစ်ခုက ဒီခံစားချက်အကြောင်းကို သေသည်အထိထုတ်ဖော်မပြောဖို့...။ မလိုက်နာလို့ အရေးယူမယ့်သူမရှိရင်တောင် သုံးဦးလုံးကနားလည်မှုတွေနဲ့ပဲ ကိုယ်စီကိုယ်ငှတာဝန်ယူထားကြတယ် ။
တစ်သက်လုံးဖုံးကွယ်ထားနိုင်ရင် အမှန်တရားပါပဲ . . .
အိတုန်ခံစားချက်တွေကိုသိနေတဲ့သူက အဖြေထုတ်ပြီးသား မေးခွန်းတစ်ခုဆိုရင်တောင် သူ့သူငယ်ချင်းကို နည်းနည်းဖြစ်ဖြစ် စိတ်ကျေနပ်အောင် ကြိုးစားကြည့်ချင်ပါသေးတယ် ။
YOU ARE READING
ပန်းသည်ယောက်ျား💜
Romanceပန်းသူခိုးရယ်... ခန္ဓာကိုယ်မှာ အဖုအထစ်လှလှနဲ့ ခြေတံရှည်ကြီးတွေရှိပြီး "သားကလေ" လို့ပြောတတ်တဲ့ ဘယ်ကရောက်လာမှန်းမသိတဲ့ ကျပ်မပြည့်ရယ်... ဇာတ်လမ်းလေးကဒီလိုစတယ်... " ကောင်းတယ် ၊ ဆက်သာအီ သား သား ငါယိုးမသားရေ။ " Pee_Thu🐣=> start~13.6.2021 ပန်းသူခိုးရယ်...