" ဒီအတောအတွင်း ငါ့ရဲ့နော့်ဗ်ကို စောင့်ရှောက်ပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ် ။ "" တစ်ချက်လောက်ထိုးလို့ရမလား ရီယို..."
" တစ်ယောက် တစ်ချက်ကြေးလား? "
" ဂျီဂျီ ငါ့အတွက်ပါ တစ်ချက်လောက်ပိုထိုးပေး.... "
နော့ဗ်ဇင် အော်စတင်ရဲ့ ခံစားချက်ပြင်းပြလွန်းတဲ့ ဘေးစကားသံ...
" .... "
သူ့ကိုပွေ့ဖက်ကာနှုတ်ဆက်တဲ့ ရီယို့ကို စိတ်ဆိုးပါတယ် ။ B နိုင်ငံကို လူနာဝတ်ဆုံကြီးနဲ့ရောက်ချလာပြီး နော့်ဗ် ဒဏ်ရာ အခြေအနေကောင်းလာတာနဲ့ ချက်ချင်း ပြန်ဖို့ကြိုးစားနေတာကြောင့်ပေါ့ ။ ကိုယ်စီအလုပ်တွေနဲ့မို့ ကျောင်းပြီးတည်းက သီးသန့်တွေ့ဆုံဖို့ဆိုတာ လေထဲကတိုက်အိမ်လိုပဲ ။ အခုလိုအခြေအနေပေးလာပြန်တော့လည်း ယောက်ျားမရမှာစိုးပြီး အသည်းအသန်ပြန်ပြေးဖို့လုပ်တာကြောင့် ထမင်းလက်ဆုံတောင်မစားလိုက်ရဘူး ။ တကယ်တော့ ရီယိုဆိုတာ သူ့ရဲ့ဆရာဆိုလည်း မမှားဘူး ။ ပိုးလုံးလေးနဲ့သူ့အကြောင်းကိုသိတဲ့အတွက် စီးပွားရေးလောကမှာ ရပ်တည်နိုင်ဖို့ အကောင်သေးသလောက်အဆိပ်ပြင်းတဲ့ ရီယိုကပဲ သူ့ကိုအများကြီး သင်ပြလမ်းညွှန်ပေးခဲ့တာ ။ ထားပါတော့ ညီအစ်ကိုသံယောစဉ်ဆိုတာလဲ သူ့နော့ဗ် နဲ့ ယှဉ်ရင် ဖွဲ၊စကွဲ ပါပဲ ။
ရွှတ်*
" ကျစ် တိတ်တိတ်နေစမ်း! "
" အွမ်း.... အဲ့ဒီလို မအော်ပါနဲ့ နှလုံးသားလေးကနုနယ်တော့ မခံစားနိုင်ဘူး ။ ဗညား ငါ့ကိုကယ်ပါဦးကွာ ငါရီယိုကြီးကို လက်မထပ်ချင်ဘူး အွီးးးး "
" လူကြားထဲ မင်းသောက်ခွက် ဖြတ်ရိုက်မခံချင်ရင် တိတ်လိုက်တော့ ။ "
လိုက်ဖက်ညီတဲ့အတွဲဆိုတာ အဲ့လိုမျိုးလေးပေါ့ ။
"..."
ဘေးနားမှာ ဆူပုတ်ကောက်ချိတ်ပြီး ခြေဆောင့်ငိုယိုနေတဲ့ နော့ဗ်ဇင်က မရှက်တတ်တာပဲလား? ရီယို အော်စတင် ဆိုတဲ့ တစ်ယောက်ကလည်း ကြောက်စရာကြီး .... ဝင်းအုအရမ်းကြောက်နေပါပြီ ။ ဂျီဂျီ့လက်မောင်းပေါ် မျက်နှာဝှက်လို့ ရှက်ရဲရဲလေးကြောက်မိတယ် ။ ဒီလက်မောင်းကြီးကို သူမှန်းနေတာ တော်တော်ကြာပြီ ဟီး ...
YOU ARE READING
ပန်းသည်ယောက်ျား💜
Romanceပန်းသူခိုးရယ်... ခန္ဓာကိုယ်မှာ အဖုအထစ်လှလှနဲ့ ခြေတံရှည်ကြီးတွေရှိပြီး "သားကလေ" လို့ပြောတတ်တဲ့ ဘယ်ကရောက်လာမှန်းမသိတဲ့ ကျပ်မပြည့်ရယ်... ဇာတ်လမ်းလေးကဒီလိုစတယ်... " ကောင်းတယ် ၊ ဆက်သာအီ သား သား ငါယိုးမသားရေ။ " Pee_Thu🐣=> start~13.6.2021 ပန်းသူခိုးရယ်...