heee.....:-)"
ဝက်သားဖက်အပီဆွဲထားလို့ အဆီတဝင်းဝင်းမျက်နှာနဲ့ ဝက်သားတစ်တုံးနှိုက်လိုက် တစ်ခါရယ်ပြလိုက် မျက်နှာချိုးသွေးနေခြင်းပေ ။
လူကသာ ကျပ်မပြည့်တာ ထမင်းစားရင် ဇွန်းခရင်း ပါမှ ၊ ပလုတ်ပလောင်း စားနေတဲ့ အဆီတလက်လက်ရုပ်က ရွံစရာမကောင်းရင်တောင် ကြည့်ချင်စဖွယ်တော့ မဟုတ်ဘူး ..... ဒါတောင် အဲ့မျက်နှာကို ကြည့်ကြည့်မိပြီး ဧည့်ခန်းထဲက position ကိုပြေးမြင်တာကြောင့် ရင်တုန်ပန်းတုန်ဖြစ်တယ်ဆိုတော့ ကျပ်မပြည့်ရောဂါက ကူးစက်လာတာများလား?
အခြေအမြစ်မရှိတဲ့အတွေးတွေပျောက်အောင် စားလက်စဇွန်းကိုခဏချပြီး အမေ့ဆီ vd call ခေါ်လိုက်သည်။
" Hey my son!"
" အဖေ!"
" ထမင်းစားနေကြပြီလား? အဖေတောင်ဗိုက်ဆာလာပြီကွာ ... "
Shopping centre တစ်ခုထဲရောက်နေတဲ့ပုံရှိတာမို့...
" အဖေတို့က လျှောက်လည်နေတာနဲ့ နေ့လည်စာလွတ်နေတယ်ပေါ့..."
" ခုဏကတော့ Pizza စားဖြစ်သေးတယ် ... ငါ့သားကတော့ အိမ်မှာထမင်းပဲစားပေါ့။ "
" ဒါနဲ့ ဟိုကောင်လေးရော..."
" ကိုကြီး အဖေ့ကိုနှုတ်ဆတ်လိုက်ဦးး"
ကိုကြီးရှေ့ ဖုန်းပြတော့ စားလက်စ ပလုတ်ပလောင်းနဲ့အလောတကြီး နှုတ်ဆက်တာမို့ စကားသံက ပီပီသသထွက်မလာ....
" မင်္ဂလာပါ အန်အယ်"
" အေး အေး ဖြေးဖြေးစား ရေလေးဘာလေးသောက်ဦး "
အဖေပြောမှ ဟင်းချိုခပ်သောက်ပြီး နောက်တစ်လုပ်ကိုခပ်သွပ်သွပ်ထိုးထည့်ကာ ပြူးကြည့်နေတာကြောင့် 'စားစရာရှိတာဆက်စား' ဆိုတဲ့သဘောနဲ့ မျက်စပစ်ပြပြီး ကိုယ့်ဘာသာပဲ ဆက်ပြောတော့တယ် ။
" အဖေ ... အမေရော? "
" ဟိုမှာလေ(☞゚∀゚)☞ "
Screen ပေါ်မှာပေါ်လာတာက ဆိုင်အကူကောင်မလေးနဲ့ ရွေးထားတဲ့ဖိနပ်တွေ စီးကြည့်နေတဲ့ အမေ့ပုံရိပ်....
" အဖေ အမေ့ကိုဒေါက်ဖိနပ်တွေ ဝယ်ပေးပြန်ပြီလား? ခနလေးစီးတာနဲ့ ခြေထောက်ကိုက်တတ်တာ သိရဲ့သားနဲ့"
YOU ARE READING
ပန်းသည်ယောက်ျား💜
Romanceပန်းသူခိုးရယ်... ခန္ဓာကိုယ်မှာ အဖုအထစ်လှလှနဲ့ ခြေတံရှည်ကြီးတွေရှိပြီး "သားကလေ" လို့ပြောတတ်တဲ့ ဘယ်ကရောက်လာမှန်းမသိတဲ့ ကျပ်မပြည့်ရယ်... ဇာတ်လမ်းလေးကဒီလိုစတယ်... " ကောင်းတယ် ၊ ဆက်သာအီ သား သား ငါယိုးမသားရေ။ " Pee_Thu🐣=> start~13.6.2021 ပန်းသူခိုးရယ်...