flowers|3|

1.3K 110 7
                                    


ဒီနေ့လည်း မနေ့ကလိုပုံမှန်နေ့တစ်နေ့ပါပဲ ။ နေ၊ထိုင်၊စား၊သောက်၊ခိုး၊ရောင်း ပေါ့ ...

အိမ်ပြန်ချိန်ရောက်တော့ လေတချွန်ချွန်နဲ့ သက်ကြားအိုစက်ဘီးကို ချော့‌မြူရင်းနင်းလာလိုက်တယ် ။

ဒီနေ့က helmet အနီလေး...

လမ်းထိပ်မှာ ယောက်ျားတစ်ဦး ၊ အတိအကျဆိုရရင် boxer အနက်နဲ့ စွပ်ကျယ်အဖြူပဲ ဝတ်ထားတဲ့ ယိုင်နဲ့နဲ့ ခြေလှမ်းများနဲ့ ထိုယောက်ျား ။

ရပ်ကွက်ထဲမှာအမြဲသွားလာနေတဲ့သူမို့ ဒီလူက အသစ်ဆိုတာ သူသိလိုက်တယ်.....

*ရပ်ကွက်ထဲ အရက်သမားအသစ်ပြောင်းလာတာလား?*

အမှန်ပဲ ... အဲ့ဒါဟာ သူရဲ့ပထမဆုံးအတွေး ၊ စီးပွားရေးလောကမှာ ကျင်လည်နေတဲ့သူ့အတွက် လူတိုင်းကိုမယုံကြည်နိုင်ဘူးလေ...

ဟူးးးး...အရူးနဲ့အမူးကို ဝေးဝေးရှောင်ရမယ် ။ ဘယ်သူမှတော့ တသီးတသန့်မပြောပေမယ့် သူ့လိုလူယဉ်ကျေးလေးအတွက် ဒါကအကောင်းဆုံးနည်းလမ်းပဲ ။

ထိုလူကိုရှောင်ရန် စက်ဘီးကို သူနဲ့ ၆ပေအကွာလောက် ဦးတည်နင်းလိုက်သည်။

Fuck!!!!!!

အနားရောက်မှ စက်ဘီးချိန်းကျသွားပြီ...

( • • • )

အရေးကောင်းဆို ဒိန်းဒေါင်းဖျက်ပြီ ။ ဘယ်အချိန်တည်းက ပျက်ချင်နေတာတုန်း....

ဒီလောက်အတန်တန်ချော့နေတာတောင် မင်းဘိုးအေကိုသာ ဆယ်ခါပြန်သွားဖာခ့် လိုက်တော့ဟေ့!!!

တောက်!

မခံချိမခံသာ တောက်ခေါက်သံကြောင့် မျက်လုံးသိပ်မပွင့်တဲ့ ထိုလူက အသံပြုမိသောသူ့ဆီ တဖြေးဖြေးတိုးကပ်လာသည် ။

အနားနီးလာ‌လေ ညှီစို့စို့နံ့က လှိုင်လာလေ...

ဒီလူအရက်ဆိုင်မှာ ရန်ဖြစ်လာတဲ့သူလား?

အခုသူ့ပိုက်ဆံတွေ လုတော့မှာလား?

စက်ဘီးလက်ကိုင်ကိုကြပ်ကြပ်ကိုင်ကာ ထိုလူ့ဘေးမှ အားကုန်သုံးရင်းပြေးသွားလိုက်သည် ။

နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ပဲကွ!!!

" သားခေါင်းနာတယ် ဦးဦး... "
_
_
_
_

ပန်းသည်ယောက်ျား💜Where stories live. Discover now