flowers|6|

1K 77 11
                                    

" ဝင်းအုရေ.... ဟယ် နင်တို့မပြီးသေးဘူးလား ။ မိန်းကလေးဖြစ်တဲ့ငါတောင် ပြီးပြီ နင်ဘာတွေပြင်ဆင်ခြယ်သနေတာလဲ... "

လာပြီ... နားမုဒိန်းကျင့်တဲ့ အယုတ်တမာကြီး။

" နင့်လင်ကို ပြင်ဆင်ပေးနေရတာလေ ။ "

ဝှစ်**

'အ့'

တစ်ရှူးဗူးနဲ့ကောက်ပေါက်လိုက်တာ ခေါင်းတည့်တည့်ပဲ ။ ဒီပေါက်ကျော်မက လက်တည့်သလားမမေးနဲ့ ။

" စကားပြောရင် လက်မပါကြေးနော် တုန်မျိုးရိုး! "

" နင်စကားပေါ်မူတည်သေးတယ်လေ... "

စိတ်ဆိုးမာန်ဆိုးလှမ်းပြောပေမယ့် အိတုန်ကခပ်တည်တည်ပဲ သူ့ရေခဲသေတ္တာထဲက အအေးဗူးကို ဖောက်သောက်နေတယ်...

" ကိုဖြူတုတ်ရော မတွေ့ပါလား ။ "

" အယ် ဟုတ်သား! ငါသူ့ဆီ သွားလိုက်ဦးမယ်။ "

" အေး သွား... "

" ဟေ့ကောင် ကိုကြီး! မင်းအဝတ်ဝတ်တာ ကြာလှချည်လား။ "

" အုအု သားဒါကြီးမဝတ်တတ်ဘူး။ "

အုအုဖြစ်သွားတဲ့ တရားခံက တုန်မျိုးရိုးချွန်လိုက်လို့ပဲ ။ သူငယ်ချင်းအချင်းချင်း နောက်ကြောကိုဓားထောက်နေတဲ့ တုန်မျိုးရိုးပါ. . .

" ဟာ!! အဲ့တာကို စောစောကလှမ်းခေါ်ပါလားကွာ ။ စောင့်နေတာအကြာကြီးပဲ။မင်္ဂလာဆောင်မှာ လက်ဖွဲ့ပေးပြီး ပန်းကန်ဆေးရတော့မယ်။"

အခန်းထဲမှာ ပုဆိုးတစ်ထည်နဲ့ငိုမဲ့မဲ့ဖြစ်နေတဲ့ ကိုကြီးကို ပြင်ဆင်ပေးနေတုန်း စဆရက က ထုံးစံအတိုင်း အပြင်ကနေလှမ်းပွားတယ်။

" ဝင်းအု နင်ကလေ ကိုဖြူတုတ်ကိုဆို ဆူမယ်ပြောမယ်ဆိုတာကအရင် ။ ‌မြန်မြန်လုပ် လက်ဖွဲ့ရင်းပြီး ဘာမှမစားရလို့က‌တော့နင်တရားခံပဲ ။ "

ထိုအချိန် အိမ်ထဲကိုစပ်ဖြီးဖြီးရုပ်နဲ့‌ ဝင်လာတဲ့ လမ်းလူမိုက်ကြီး ...

" ဝင်းအု၊ ဝင်းအုရေ ။ အယ်! သည်းတုန်တုန်လေး ရောက်နေတာလား တိုက်ဆိုင်လိုက်တာနော် ဟီးဟီး✧◝(⁰▿⁰)◜✧"

သောက်ပိုတစ်သိန်းပဲ...

မနေ့ထဲက အိတုန်နဲ့သူတို့အတူသွားမှာ သိလို့လာတာများ။

ပန်းသည်ယောက်ျား💜Where stories live. Discover now