flowers|extra|

559 33 0
                                    

၂၀၀၈၊ မေလ(၂)ရက်

အပျော်တမ်း ဆိုင်ကယ်ပြိုင်ပွဲမှာ ပထမနေရာနဲ့ ပန်းဝင်သွားတဲ့နောက် သူ့နောက်ခုံက မိန်းမလှလေးပါးကို တစ်ချက်နမ်းရင်း ဆုကြေးငွေတွေ ပေးလိုက်တယ် ။

" မင်းအိမ်က ဘိုးတော်နဲ့ ရန်ဖြစ်လာပြန်ပြီလား ။ "

" အေး ၊ သူက ဆိုင်ကယ်ပြန်သိမ်းမလို့တဲ့  မသိမ်းခင်ယူပြီး လစ်လာတာ ။ "

" ငါ့အိမ်လိုက်မလား ၊ မွေးနေ့ပါတီ ရှိတယ် ။ "

" No......ငါလစ်ပြီ ။ "

" အိုကေပါ ဘိုင့်! "

ဆိုင်ကယ် ဆီမကုန်မချင်း စိတ်လေလေနဲ့ မောင်းနေတာ ဘယ်ရောက်လို့ရောက်မှန်းတောင် သတိမထားမိ ။

ဖြူဖြူသေးသေးအရိပ်လေး ဆိုင်ကယ်ရှေ့က ဖြတ်ပြေးသွားတာမို့ ဘရိတ်ဆွဲညှစ်ရင်း ဒေါသထွက်သွားတယ် ။ သူ့ကို ပဲထမင်းကျွေးဖို့ လုပ်သွားတဲ့သကောင့်သားကတော့ ဝတ်သားတုတ်ထိုးဆိုင်မှာ တစ်ခါစားသုံးချောင်းနှုန်းနဲ့ ပါးစပ်သေး‌သေးလေးထဲ မဆန့်မပြဲ တွယ်နေတာ ။ သူလည်း ရပ်နေတုန်းမထူးဘူးဆိုပြီး တစ်ခါတည်းဝင်စားလိုက်တယ် ။ တစ်ဆက်တည်း ဖေဖေက သူအပြင်စာတွေစားရင် မကြိုက်မှန်းသတိရတော့ နှစ်ဆလောက်ပိုစားပေးလိုက်တယ် ။ တစ်ခါစား ခြောက်ချောင်းပူး ။

ဝက်သားတုတ်ထိုးဆိုင်မှာ အထက်တန်းကျောင်းသားအရွယ် လူငယ်နဲ့ မူလတန်းကျောင်းသားအရွယ် ကလေးလေးတို့ နှစ်ယောက်က ပါးစပ်မှာ အချဉ်ရည်တွေပေပွနေအောင် အားကြိုးမာန်တက် အပြိုင်အဆိုင်စားလိုက်ကြတာ တစ်ဗန်းလုံးမှာ လေးပုံတစ်ပုံလောက်ပဲ ကျန်တော့တဲ့အထိ ။

ကလေးလေးက သူ့လက်ဖြူဖြူလေးနဲ့ နှုတ်ခမ်းက အချဉ်ရည်တွေသုတ်ပစ်ပြီး အင်္ကျီအိတ်ကပ်ထဲက နှစ်ရာတန်တစ်ရွက်ထုတ်ကာ ဆိုင်ရှင်ကို ပေးလိုက်သည်။ ပြီးနောက် ဗိုက်ပူပူလေးကို ပွတ်သပ်လိုက်သည်။

" ဟျောင့် ဝင်းအု ၊ မင်းစားတာနှစ်ရာမကဘူးလေကွာ ။ "

" ဟာ မေကြီးက ပြောတယ် ။ ဒီပိုက်ဆံနဲ့ ကြိုက်တာသွားဝယ်စားတဲ့။  အခု ကြိုက်တာစားပြီးလို့ ဒီပိုက်ဆံပေးတာလေ သိလည်းသိပဲနဲ့ ။ "

ပန်းသည်ယောက်ျား💜Where stories live. Discover now