flowers|22|

472 26 0
                                    

" မင်းတို့နှစ်ယောက်နှုတ်ဆက်ပုံက မကြမ်းလွန်းဘူးလား? "

" မင်းအတွက် တစ်အိုးလိုချင်လို့လား? "

" မလိုတော့ဘူး ကျေးဇူးပဲ... "

မွှေးညို ဆေးရုံတက်နေရတယ်ဆိုတဲ့ သတင်းကြောင့် သူရောဂျီဂျီပါ အတူတူ ရောက်လာခဲ့တာ။ ဒါပေမယ့် သူတို့ထပ်အရင် ကြိုရောက်နေတဲ့ အသားနီစပ်စပ် ပိန်ရှည် ကောင်လေးကိုတွေ့တဲ့အခါ ဂျီဂျီကသူ့လက်ဆွဲပြီး ချက်ချင်းလှည့်ပြန်ဖို့လုပ်တယ် ။ စိတ်ထဲထူးဆန်းနေလို့ မပြီးသေးခင် အရိုးထဲက အားထွက်တဲ့ဂျပိန်လေးက နှစ်ယောက်လုံးကို ဂုတ်ကနေဆွဲပြီးအခန်းထဲ ပစ်ထည့်လိုက်တာများ ဝှစ်ခနဲ ။

အခုလည်း ဂျီဂျီကခုဏကထွက်ပြေးဖို့လုပ်တာသူမဟုတ်သလို စကားပြောနေတာခပ်တည်တည်ပဲ။ သူ့မှာသာ ဒေါသပဲထွက်ရမလို ၊ မိတ်ဆက်ရမလို နဲ့ ။ ဒါပေမယ့် အချစ်နဲ့တွေ့ပြီးနောက် ရင့်ကျပ်သွားတဲ့ လှိုင်ဝင်းဦးကတော့ ဘာမှမပြောပဲ ငြိမ်နေလိုက်တာ အကောင်းဆုံးလို့ ဆုံးဖြတ်လိုက်တယ် ။ ခုဏက အနေအထားပျက်သွားတဲ့ အင်္ကျီကို ပုံစံပြန်ချပြီး မကောင်းတတ်လို့ရော အလုပ်မရှိလို့ပါ ကုတင်ပေါ်ကလူနာကိုသွားကြည့်ရတယ် ။ ဂနာမငြိမ်တဲ့ မျက်ခွံ‌တွေအရ ဒီဘဲနိုးနေပြီ ။ ဟွမ်း စိတ်အခံမကောင်းနေတာနဲ့အတော်ပဲ...

" အကိုနော်ဗ်ဇင် က နိုးနေပြီလား? "

သူ့ကိုဖြတ်တိုက်မတတ် ဘေးနားရောက်လာတဲ့ ဂျပိန်လေးက အတော်စိုးရိမ်နေတဲ့ဟန် ။ 

" ..... "

အွန်း အသံတိတ်စိုးရိမ်မှုလေးပေါ့ ။

" နိုးပြီလား နော်ဗ်ဇင် အော်စတင်... "

" နိုးပြီပေါ့ ရီယို အော်စတင် ရယ်။ "

" ... "

မိနစ်အနည်းငယ်အထိကို ဘာစကားမှမပြောပဲ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြတာ ဘေးနားကသူတို့ကိုလည်း အဖတ်မလုပ် ။ ဆေးရုံလာတွေ့မဲ့အစား ဟာသကားကြည့်ပြီး ထိုင်ရယ်နေရင်တောင် အသက်ရှည်ဦးမယ် ။ အခုတော့....

တစ်ယောက်က‌လည်း မီးရှူးမီးပန်းလို ဖြောင်းခနဲ ဖောက်ခွဲပစ်ချင်တဲ့အကြည့် ၊ နောက်တစ်ယောက်ကလည်း အပြိုင်အဆိုင်ကိုမထီမဲ့မြင် အကြည့်နဲ့အားပြိုင်နေကြတာ ၊ ငယ်ငယ်ကလို မျက်တောင်မခတ်ကြေးဆော့နေကြသလိုပဲ ။ ရီယို အော်စတင် ဆိုတဲ့တစ်ယောက်က မျက်လုံးနီပြီး မျက်‌ရည်တွေတောင် ကျနေပြီ ဒါတောင်နှစ်ယောက်လုံး အရှူံးမပေးကြသေးဘူး ။ ဂျီဂျီကတော့ မထူးဆန်းသလို သူ့ကိုဖက်ပြီး ဝေးဝေးမှာ သွားထိုင်‌တယ် ။ ဂျီဂျီ့မှာ ဒီလိုအရူးသူငယ်ချင်းတွေရှိတာ စိတ်မကောင်းစရာ...

ပန်းသည်ယောက်ျား💜Where stories live. Discover now