အိမ်ရှေ့ဧည့်ခန်းမှာ ကြက်မွှေးတုတ်ကိုင်ရင်း ဒူးထောက်လက်မြှောက်နေရလို့ ဆောင့်အောင်ထွက်လာတဲ့ ရှိုက်သံတစ်စွန်းတစ်စကို လှိုင်ဝင်းအုတို့က အဖတ်လုပ်မနေဘူး ၊ သနားဖို့ဆိုဝေးစွပေတည်းပဲ ။ သူ့ပထွေးကူလီထမ်းလို့ရတဲ့ရေခနဲ့ သူ့မိထွေးထိုင်ဖွတ်ပေးတဲ့အဝတ်တွေများမှတ်နေလားမသိ လေပေါ် ဝှီးခနဲ ဝှီးခနဲ ပစ်နေတာများ....
(ဒွီး)*4
အဝတ်လျှော်စက်သံ တဒွီးဒွီးက သူ့ရင်ကိုအစိမ်းလိုက်ခွဲနေတဲ့အလား ရင်တွေဘာတွေတောင်နာကျင်လာ...
ဒါပေါ့.....အခုသူလက်မောင်းပြုတ်မတတ်လျှော်ထားရတဲ့အဝတ်တွေ ပေကျံကုန်လို့ အဝတ်လျှော်စက်နဲ့ပြန်လျှော်နေရတာလေ ။ ပြန်စဉ်းစားတာတောင် ဒေါသထွက်လွန်းလို့ စိတ်ပြေလိုပြေငြား သခွားသီးအစိမ်းလိုက်ကို တဂျွတ်ဂျွတ်ကိုက်စားနေရတယ် ။ မဟုတ်ရင်တောင် ဧည့်ခန်းထဲကအမျိုးကောင်းသားကိုကြီးဆီ သူ့ခြေထောက်တွေ back kick၊ ဝှိက် kick ၊ စုံ kick တွေပစ်သွင်းချင်နေတာဆိုတော့.....
ဟွမ့်! နေနှင့်ဦး အခုမှရှိုက်ရုံရှိသေး၊ မျက်ရည်ဆယ်ဗုံးယိုတဲ့အထိ ငိုသွားအောင်လုပ်ပစ်ဦးမယ်...
ယုတ်မာတော့မဲ့မင်းသားလို ဗီလိန်အပြုံးပေမယ့် ခပ်မိုက်မိုက်ပဲပေါ့ ။
မနက်က ချက်ထားတဲ့ ဝက်သားနှပ်အချိုချက်လေးကို ပြန်နွေးပြီး အငွေ့တွေကိုအိမ်ရှေ့ဧည့်ခန်းဆီယပ်ထုတ်လိုက်သည် ။
ပြီးတာနဲ့ ထမင်းဝိုင်းမှာငပိရည်၊ သခွားသီးတို့စရာ၊ ချဉ်ပေါင်ဟင်းရည် တွေအစုံအလင်ချ အဓိကဟင်းပွဲ ဝက်သားနှပ်လေးကို အလယ်တည့်တည့်မှာ ပန်းကန်ကြီးနဲ့ ခန့်ခန့်ထည်ထည် စီမံထားပြီး စားဖို့အဆင်သင့်ပြင်ဆင်ထားသည် ။
အရင်ကတော့ ပျင်းတာနဲ့ကပ်စီးကုပ်တာပေါင်းပြီး ဖြစ်သလိုစားတတ်ပေမယ့် အခုတလော ဖွယ်ဖွယ်ရာရာ ဘာညာကွာစိ အစုံလုပ်စားနေမိတော့တာပဲ ။ အမေ့လက်ရာကိုလွမ်းလို့ထင်ပါရဲ့၊ ကိုကြီးကိုအပြစ်ပေးပြီးတာနဲ့ ဖုန်းလေးဘာလေးဆက်ဦးမှပါပဲ ။
ပြီးပြည့်စုံနေတဲ့ ထမင်းဝိုင်းလေးကိုအုပ်ဆောင်းအုပ်ပြီး ဟင်းအိုးထဲကဝက်သားတစ်တုံးကို ပါးစပ်ထဲထည့်ကာ ဧည့်ခန်းဆီထွက်လာလိုက်သည်။
YOU ARE READING
ပန်းသည်ယောက်ျား💜
Romanceပန်းသူခိုးရယ်... ခန္ဓာကိုယ်မှာ အဖုအထစ်လှလှနဲ့ ခြေတံရှည်ကြီးတွေရှိပြီး "သားကလေ" လို့ပြောတတ်တဲ့ ဘယ်ကရောက်လာမှန်းမသိတဲ့ ကျပ်မပြည့်ရယ်... ဇာတ်လမ်းလေးကဒီလိုစတယ်... " ကောင်းတယ် ၊ ဆက်သာအီ သား သား ငါယိုးမသားရေ။ " Pee_Thu🐣=> start~13.6.2021 ပန်းသူခိုးရယ်...