ဖြောင်း!!!
" ကျစ်! mosquito bike လိုက်တာကွာ... "
ဂိတ်နဲ့ မနီးမဝေးမှာ ငုတ်တုပ်လေးထိုင်ပြီး တဖျတ်ဖျတ် ရိုက်နေရတာ လက်ဖဝါးတွေလည်း ရဲတောက်နေပြီ ၊ ညနက်လာလေ ချမ်းစိမ့်လာလေမို့ တစ်ထပ်တည်းသော တီရှပ်က အအေးဒဏ်ကို ပြည့်ပြည့်စုံစုံ မကာကွယ်နိုင်ဘူး ။ ဝင်းအု အဖြစ်ကဆိုးပါတယ်... A မြို့မှာ ဒီလောက်ဒုက္ခရောက်ရလိမ့်မယ်လို့ မတွေးထားဖူးဘူး ။
" ငါ့တူ ဒါကိုလိမ်းထား... "
" ဗိုက်ဆာနေမယ်ထင်လို့ ဦးကြီး ခေါက်ဆွဲကြော်ချန်ထားသေးတယ် ။ "
ခြင်လူးဆေး ညှစ်ဗူးကအခုချိန် သူ့အတွက် စူပါဟီးရိုးကြီးပဲ! ဗူးရဲ့အနောက်မှာ အနီရောင်လိုက်ကာကြီးတောင်လွင့်နေသလိုပဲ(つ✧ω✧)つ
ခြေ၊ လက် ၊ ဂုတ်အပြင် မျက်နှာကိုပါ လိမ်းထားတဲ့လက်နဲ့ ပျော်ပျော်ရွှင်ရွှင်တဖတ်ဖတ်ပုတ်ပြီး ဦးကြီးကို ရယ်ပြကာ ဆေးဗူးပြန်ပေးလိုက်သည် ။ ဦးကြီးက အလိုက်သိစွာ ခေါက်ဆွဲဗူးထပ်ပေးတော့ မူမနေတော့ပဲ အားရပါးရလွေးတော့သည် ။
တကယ်တော့ သူအရမ်းဗိုက်ဆာနေတာ ။ မုန့်သွားစားနေတဲ့အချိန် ဂျီဂျီအလာကို လွတ်သွားမှာစိုးလို့သာ တံတွေးမြိုချနေရတာ ။ ငတ်နေလို့လားမသိဘူး ခေါက်ဆွဲကြော်အရသာက အနှိုင်းမဲ့ကောင်းလွန်းလို့ စိတ်ကူးထဲမှာတင် ကြည်နူးမျက်ရည်တစ်ပုံးလောက် ဖြုန်းလိုက်ပြီးပြီ ....
" ဟိုက မေတ္တာရှင်ကြီး ငါအတွင်းထဲ တစ်ပတ် ပတ်လိုက်ဦးမယ် ။ ကိုယ့်နေရာ ကိုယ်ပြန်နေ သူများမြင်လို့အတိုင်ခံရရင် ဝေသန္တရာမလုပ်နိုင်ပဲ တောင်းစားနေရမယ် ၊ တာဝန်လာကျေလိုက်ပါဦး .... "
" ပြီးတော့ဒီမှာငါပိုတာ မစားတော့ဘူး!"
ပြောရင်း security stick နဲ့ ဓာတ်မီးကို ကောက်ကိုင်ပြီး မသွားခင်သူ့ကို မျက်ခုံးနှစ်ဖက်ကြား ချိုင့်နက်ကြီးနှစ်ခုပေါ်တဲ့အထိ ပုံဆိုးပန်းဆိုး အကြည့်တစ်ခု ပစ်သွားသေးတယ် ...
ပုံဆိုးပန်းဆိုးဆိုတာ အကြည့်တင်ပြောတာမဟုတ်ဘူး လူပါ ပါတယ်။ စိတ်နဲ့လူနဲ့လိုက်အောင် ဆိုးလိုက်တဲ့ရုပ်၊ သူ့နည်းအတိုင်းပြန်ကြည့်ပေးလိုက်တော့ ခဏတော့ကြောက်သွားသလိုပဲ(သူ့အထင်) နောက်တော့ စိတ်ပျက်သလို ခေါင်းတခါခါနဲ့ ထွက်သွားတယ်။ ဘွားဟားဟား....ဂရုမစိုက်ပေါင်!
YOU ARE READING
ပန်းသည်ယောက်ျား💜
Romanceပန်းသူခိုးရယ်... ခန္ဓာကိုယ်မှာ အဖုအထစ်လှလှနဲ့ ခြေတံရှည်ကြီးတွေရှိပြီး "သားကလေ" လို့ပြောတတ်တဲ့ ဘယ်ကရောက်လာမှန်းမသိတဲ့ ကျပ်မပြည့်ရယ်... ဇာတ်လမ်းလေးကဒီလိုစတယ်... " ကောင်းတယ် ၊ ဆက်သာအီ သား သား ငါယိုးမသားရေ။ " Pee_Thu🐣=> start~13.6.2021 ပန်းသူခိုးရယ်...