အထက်ကောင်းကင် မင်ပြာရောင်မှာ လင်းလင်းလက်လက် ကြယ်စုလေးတွေ တောက်ပလာလိုက် ၊ မှေးမှိန်သွားလိုက်...
အောက်ပထဝီမြေပြင်မှာတော့ လူတွေတီထွင်ကြံဆထားတဲ့ ပြာစိမ်းနီဝါတွေက ထွန်းလင်းတောက်ပလို့ပေါ့....
သဘာဝနဲ့ ဖန်တီးမှုတို့က အလှတရားခြင်းယှဉ်ပြိုင်ကြတဲ့အခါ ....
အလယ်အလတ် ဝန်ရံတာပေါ်မှာ ကိလေသာအပူမီးတွေတောက်လောင်နေတဲ့ လှိုင်ဝင်းအုကတော့ တည်ငြိမ်စွာနဲ့ တစ်ခွန်းပဲ ပြောချင်ခဲ့တယ်....
အဲ့ဒါ မင်းတို့သောက်ကြောင်းလေ မိတ်ဆွေ!
ဆံစကနေ ခြေဖျားအထိ အေးစက်မှုတွေဆောင်ကျဉ်းပေးတဲ့ ဆောင်းလေကတောင်သူ့ရဲ့ပူလောင်မှုကို မငြိမ်းသက်နိုင်ဘူး ။
နားရွက်ဖျားတွေရဲနေရင်တောင် ၊ နှာထိပ် ထုံကျဉ်ပြီး ခဲမတတ် အေးစက်နေရင်တောင် အဝတ်ပါးပါးအောက်က ခန္ဓာ ခိုက်ခိုက်တုန်နေရင်တောင် သူက ဂျီဂျီကို ထိုးပစ်ချင်တဲ့အထိ ကိလေသာတွေတောက်လောင်နေတုန်းပဲ....
လေးလံတဲ့ အနွေးထည်က သူ့ကျောပေါ်ပုံကျလာတယ် ။ နားနှစ်ဖက်ပေါ်ရောက်လာတဲ့ နားအုပ်လေးရောပေါ့...
ဖတ်*
အကြွေးစာရင်းသာမှတ်တတ်တဲ့သူက လက်သီးသုံးလေ့မရှိဘူး ။ သူ့ရဲ့ထိုးချက်က ကျောက်တုံးကိုကြက်ဥနဲ့ ပေါက်တာလောက်တောင် လက်သီးတစ်လုံးဂုဏ်ရည်ကိုမထုတ်ဖော်နိုင်ပေမယ့်.... အဲ့ဒီလိုဆိုပေမယ့် သူက လှိုင်ဝင်းအုပဲမို့ ဘာကိုမှဂရုမစိုက်ပါဘူး ။
အံကြိတ်ထားရလွန်းလို့သွားတွေနာကျင်လာပေမယ့် မရပ်တန့်မိ ၊ မျက်နှာပြင်တစ်ခုလုံးလဲ သွေးရောင်လွှမ်းနေလောက်တယ် ။
ဘာတဲ့!
တိတ်ဆိတ်ခြင်းဆိုတာ အကျယ်လောင်ဆုံးအော်သံပါတဲ့ ၊ ဘယ်ဆရာစပ်မှန်းမမှတ်မိတော့ပေမယ့်ပေါ့။
ထိုးသူနဲ့ အထိုးခံရသူဟာ သူတို့မဟုတ်သလို တိတ်ဆိတ်နေကြပါတယ် ။
ဂျီဂျီသူ့ဆီပြန်မလာခဲ့တာ....
ဂျီဂျီသူ့ကိုပစ်ပစ်ခါခါ စွန့်ပစ်တာ အကြောင်းပြချက်က အဲ့ဒါတဲ့လား၊
သူပေးတဲ့အဖြေ စကားလုံးနှစ်လုံးက သူမရှိတဲ့ အချိန်အတောအတွင်း ပူပင်သောကရောက်ခဲ့ရတဲ့သူ့(ဝင်းအု)အတွက် အကြောင်းပြချက်ကောင်းတစ်ခု ဖြစ်နိုင်မှာတဲ့လား?
YOU ARE READING
ပန်းသည်ယောက်ျား💜
Romanceပန်းသူခိုးရယ်... ခန္ဓာကိုယ်မှာ အဖုအထစ်လှလှနဲ့ ခြေတံရှည်ကြီးတွေရှိပြီး "သားကလေ" လို့ပြောတတ်တဲ့ ဘယ်ကရောက်လာမှန်းမသိတဲ့ ကျပ်မပြည့်ရယ်... ဇာတ်လမ်းလေးကဒီလိုစတယ်... " ကောင်းတယ် ၊ ဆက်သာအီ သား သား ငါယိုးမသားရေ။ " Pee_Thu🐣=> start~13.6.2021 ပန်းသူခိုးရယ်...