flowers|13|

665 58 3
                                    

" ဒီလိုပွတ် "

" ဒီလိုတိုက် "

"ဟောဒီလို ဟောဒီလို စောင့်ချ! "

နဖူးစပ်ကချွေးစတွေကိုသုတ်ပြီး-

" ဟူး....မှတ်မိပြီလားကိုကြီး? "

" ဟင့်အင်း အုအု သားအကုန်မမှတ်မိသေးဘူး ဟီး..."

လျှာကျွမ်းထိုး အားလူးကြော်စားထားလို့သွားမှာ ငရုတ်သီးဖပ်တွေကပ်နေတာမသိပဲ တဟီးဟီးရယ်ပြနေသေးတာ၊

" မင်း! "

" တမင်သိရဲ့နဲ့ ငါ့ကိုပညာပြနေတာလား? "

" မဟုတ်ပါပဲနဲ့ အုအုကလည်း! "

နှာခေါင်းလေးရှုံ့ပြီးပြောပုံက ရိုက်သတ်ချင်စရာလေး...

" ဟုတ်ပါတယ် ၊ ဟုတ်ပါတယ် ငါကဒီအိမ်ရဲ့ကျွန်ပါပဲ ၊ သခင်လေးကဘာမှမလုပ်ပါနဲ့ ကျွန်တော်မျိုးကျွန်ကောင်ကြီးကပဲ အစစအရာရာ အကုန်လုပ်ပေးပါ့မယ်! "

ဒေါသထွက်လွန်းလို့ ဆောင့်ဆောင့်ချတော့ ပင်ပန်းရသူက ကိုယ်ပါပဲ ။ အမေရဲ့လက်သုံးစကားကို သူ့ပါးစပ်ထဲမှာ copy ကူးပြောတော့ ပြောလို့ကောင်းသလားပဲ... ဒါကြောင့်အမေခဏခဏပြောတာနေမှာ...

" ကဲ! ကျွန်တော်မျိုး အကုန်လျှော်ဖွတ်ပြီးပါပြီ ၊ အဝတ်လှန်းတဲ့တာဝန်ကိုတော့ သခင်လေးက ဆက်ယူလိုက်ပါတော့ ဟုတ်ပြီလား!! "

မီတာခလေးသက်သာမလားဆိုပြီး လျှော်စက်မသုံးဘဲ သူ့လျှော်ခိုင်းမလို့ဟာ အခုတော့ တစ်ခြင်းလုံးသူပဲလျှော်လိုက်ရတယ် ။ တစ်ထည်ပြလည်းမရ နှစ်ထည်ပြလည်းမရ တစ်ခြင်းလုံးကုန်သွားတာတောင် မမှတ်မိသေးတဲ့ ကိုကြီးကို နားရင်းကိုဖြတ်တီးချင်တာ ၊ လက်မအားလို့သာ ကြည့်နေတာ ။

အဲ့တာတွေအားလုံးက ဟိုသူတောင်းစား အိတုန်ကြောင့်! မအားမလပ်တဲ့ကြားက တခါတလေလေးအိမ်ရောက်လာပြီး ကိုကြီးကိုသူခိုင်းတာတွေမလုပ်ဖို့သွေးထိုးခဲ့တာနေမှာ!

ကိုကြီးဆိုတာကလည်း မကောင်းတာဆို ပုတ်သင်ညိုလိုခေါင်းတငြိမ့်ငြိမ့်နဲ့ နှစ်ခါမပြောရဘူး!

ဟင်းဟင်း...ဝင်းအုလေးက သဘောကောင်းတဲ့အခါကောင်းတယ် ၊ အေး မကောင်းတဲ့အခါဆိုတော့ အသက်ထုပ်ဖို့ ဖက်ရှာချိန်တောင်မရဖြစ်သွားမယ်!!

ပန်းသည်ယောက်ျား💜Where stories live. Discover now