ငိုလို့ဝမှ ပုခုံးပေါ်မှီထားတဲ့သူ့ခေါင်းကိုဖယ်ကာ ပွေ့ဖက်မှုကြားက ရုန်းထွက်လိုက်သည် ။
အဲ့ဒါက. . .စိတ်ပျက်စရာပဲ!
အမြဲခပ်တန်းတန်းနေပြီးဆူဆဲနေကျသူက hollowing နေ့မှာ ချိုချဉ်မရတဲ့ကလေးလို ပုံဆိုးပန်းဆိုးငိုနေခဲ့တာကို ရှက်လည်းရှက်မိတယ် ။ တချိန်တည်းမှာပဲ ဒီအဖြစ်အပျက်ကမထူးဆန်းသလို ရှက်လည်းမရှက်ဘူး ။ မသိစိတ်က ဘာတွေပြောချင်နေမှန်းမသိသလို သိချင်စိတ်လည်းမရှိသေးဘူး ။ ဒါကြောင့်ပဲ ဦးနှောက်ထဲတိုးဝင်ချင်နေတဲ့ အမည်မသိမှတ်ညာဏ်တွေကို တံတိုင်းထူထူနဲ့ကာထားလိုက်တယ် ။
တကယ်သောက်လုပ်ရှုပ်တဲ့မှတ်ညာဏ်တွေ... ထွက်သွားစမ်း!!!
စိတ်ကိုတင်းပြီး ကိုကြီးမျက်လုံးကိုစူးစိုက်ကြည့်ပေးလိုက်တယ် ။ သူ့ကိုလှောင်ရယ်ပြီး အထင်သေးရင် မျက်ခွက်ဖြတ်ရိုက်ပစ်မယ် ။
အထင်နဲ့အမြင်ကွဲလွဲစွာပဲ . . .
မျက်တောင်စိုကပ်ကပ်တွေကြောင့် ပိုလှနေတဲ့မျက်ဝန်းနဲ့ကိုကြီးက သူ့(ဝင်းအု)ကို သူ(ဖြူတုတ်)သင်ပေးမှအပျံတတ်မဲ့ ငှက်ငယ်လို အရိပ်တကြည့်ကြည့်...
မလုံမလဲနဲ့ ရှိုးတိုးရှန်းတန်းဖြစ်သွားစေတဲ့အထိ ရိုက်ချက်ပြင်းလွန်းပါတယ် ။
အဟမ်း!!!
ဘာလဲ! ဒီလိုအရူးကပါ သူ့ကိုပျော့ညံ့တဲ့ကောင်လို့ အထင်သေးသွားတာလား?
ဒါပေမယ့် ဝင်းအုတို့ကအထူးတလည်တော့ ဂရုမစိုက်ပေါင် ။ အော်ငိုတာခြင်းအတူတူဆိုရင်တောင် ကိုကြီးက မြေလူးပြီးခြေစောင့်ငိုတာ သူ့ထက်ပိုတောင်ဆိုးသေးတယ် ။
ကိုကြီး မင်းကငါ့မျက်နှာပေါ်ကအကြည့်မဖယ်တော့ဘူးပေါ့... ကောင်းပြီလေ၊ ငါကမင်းထက်ပိုကြည့်နိုင်တယ်၊ ဝင်းအုတဲ့ကွ!
1s...
2s....
3s.....
ခွီးး* ဟားး* ဟားးး*
တင်းတင်းကြပ်ကြပ်ဖက်ထားလို့ တွန့်ကြေနေတဲ့အင်္ကျီက လူးလိမ့်ထားလို့ပေတိပေစုတ်၊ နှပ်ရည်တွေနဲ့ပေတလူးမျက်ခွက်ဖြစ်နေတဲ့အပြင် မျက်လုံးတွေဖောင်းမို့ပြီး နှာခေါင်းထိပ်နီနေကြတဲ့သူတို့နှစ်ယောက်လုံးက ဂျိုကာတွေအလား. . . တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အကြောင်းပြချက်မရှိပဲ အော်ရယ်မိကြတယ်...
YOU ARE READING
ပန်းသည်ယောက်ျား💜
Romanceပန်းသူခိုးရယ်... ခန္ဓာကိုယ်မှာ အဖုအထစ်လှလှနဲ့ ခြေတံရှည်ကြီးတွေရှိပြီး "သားကလေ" လို့ပြောတတ်တဲ့ ဘယ်ကရောက်လာမှန်းမသိတဲ့ ကျပ်မပြည့်ရယ်... ဇာတ်လမ်းလေးကဒီလိုစတယ်... " ကောင်းတယ် ၊ ဆက်သာအီ သား သား ငါယိုးမသားရေ။ " Pee_Thu🐣=> start~13.6.2021 ပန်းသူခိုးရယ်...