သစ္စာလမ်းမှာ လက်ပိုက်ပြီးညိူးငယ်စွာလျှောက်လှမ်းနေတဲ့ ညစ်ပေနေသောမင်းသားလေးရယ် ၊ သူ့ရှေ့က မှုန်ကုပ်ကုပ်မျက်နှာဘေးနဲ့ lady Tremaine(စင်ဒရဲလားမိထွေး) ရယ် ။အဲ့ဒါကတော့ သူတို့အိမ်ပြန်တဲ့လမ်းတလျှောက်မှာ တွေ့တဲ့သူတိုင်းခံစားမိတဲ့ ဇာတ်လမ်း ။
ဂဏန်းညှပ်ခံရတဲ့ မိအေးခဗျာ 'နာလိုက်တာရှင်' လို့တောင်မအော်နိုင်တော့ဘူး ၊ ဒေါသတွေနဲ့ ရင်ခံနေလို့....
အခုတောင် သူရောင်းမယ့်ပန်းတွေကိုမိနစ်ပိုင်းအတွင်း တဟီးဟီးနဲ့ခြွေပစ်နေတာ အိမ်ကိုရောက်ရင် ဘာတွေမွှေဦးမှာလည်း မသိဘူး ။ လှိုင်ဝင်းဦးဘဝမှာအမုန်းဆုံးက သူနဲ့ပိုက်ဆံနဲ့ကွေကွင်းအောင်လုပ်တဲ့သူတွေပဲ။ အထူးသဖြင့် သနားစရာရုပ်နဲ့ပါလာတဲ့ အနောက်ကတစ်ယောက်လိုမျိုးပေါ့ ။
🌼ပန်းသည်ယောက်ျား🌼
အိမ်ရောက်တော့ သူငယ်ပြန်နေတဲ့အရူးငြိမ်အောင်ဆိုပြီး ငယ်ငယ်ကအရုပ်သေတ္တာနဲ့အတူ ခြံထဲထုတ်ထားလိုက်တယ် ။ ဖြူစင်သူအရူးကတော့ အရုပ်တွေသဘောကျတဲ့ပုံပဲ တစ်ခုပြီးတစ်ခုထုတ်ဆော့နေလေရဲ့ ။ သူပဲအေးချမ်းတယ်...
မကြာပါဘူး ၊ ထင်တဲ့အတိုင်း ဟိုဘက်အိမ်ကတုန်မျိုးရိုးက ဒီဘက်အိမ်ကို လာစပ်စုတယ်လေ ။ မထင်ထားတာတော့ တုန်မျိုးရိုး လက်ထဲက ငါးဆင့်ချိုင့်လေးပဲ ။ မဆိုးပါဘူး မုန်တိုင်းကြားက သက်တန့်လေးတို့ဘာတို့ ...
ခြံထဲကို တစ်လှမ်းချင်းဝင်လာပြီး အရူးကိုစူးစမ်းနေတဲ့ အိတုန်မလာခင် သူက ပန်းကန်တွေ ဇွန်းတွေအရင်သွားယူထားလိုက်တယ် ။ ဝါးတီးဆွဲရမှာ သေချာနေတော့ လက်မနှေးလိုပါ ။
" ဝင်းအု... ငါ အိမ်က ကြာဇံကြော်နဲ့ခေါက်ဆွဲကြော်ယူလာတယ် ။ ပြီးတော့ မေမေက နင့်ကို အိမ်ဘက်ထမင်းလာစားဦးတဲ့ ။ နင်စိတ်မကောင်းဖြစ်သွားလား... ? "
" လာစားရမှာပေါ့ ၊ ငြင်းရင် ကြီးကြီးတုန်အပေါ် မလေးစားရာရောက်သွားဦးမယ်။ "
ပါးစပ်နားရွက်တက်ချိတ်မတတ် ပြုံးဖြီးပြီး အကြီးကြီးတွေပြောနေပေမယ့် မျက်နှာမှာတော့ 'တစ်နပ်စာသက်သာလည်းနည်းလား' ဆိုတဲ့ရုပ်နဲ့....
YOU ARE READING
ပန်းသည်ယောက်ျား💜
Romanceပန်းသူခိုးရယ်... ခန္ဓာကိုယ်မှာ အဖုအထစ်လှလှနဲ့ ခြေတံရှည်ကြီးတွေရှိပြီး "သားကလေ" လို့ပြောတတ်တဲ့ ဘယ်ကရောက်လာမှန်းမသိတဲ့ ကျပ်မပြည့်ရယ်... ဇာတ်လမ်းလေးကဒီလိုစတယ်... " ကောင်းတယ် ၊ ဆက်သာအီ သား သား ငါယိုးမသားရေ။ " Pee_Thu🐣=> start~13.6.2021 ပန်းသူခိုးရယ်...