flowers|2|

1.8K 152 8
                                    


" ကျော်ကြီး! ဟေ့! "

အသံမြင့်မြင့်သုံးပြီး ခြံတံခါးမှာချိတ်ထားတဲ့ ခေါင်းလောင်းကို အဆက်မပြတ် က‌လင်ကလောင် စလုပ်တဲ့အချိန် အရင်နဲ့မတူ စပ်ဖြီးဖြီးရုပ်နဲ့ ထွက်လာတဲ့ သက္ကကျော်ကြောင့် အံ့ဩမိသား ။ အရင်တုန်းက ဒီကောင်ဆိုတာ ရရင်ရသလောက် သူအသံနာပြီး မောမယ့်အချိန်ထိ ပေကပ်ကပ်နဲ့ ထွက်မလာတဲ့ကောင် ။ ဒါက ပုံမှန်တော့မဟုတ်ဘူး ။

" လာပါပြီကွ.... "

သက္ကကျော်...သူတို့ငယ်ငယ်တုန်းတည်းက ကျောင်းလူ‌ဆိုး၊ ဒါပေမယ့် နှုတ်ခမ်းညိုညို မေးရိုးထင်းထင်း နဲ့ ရွှေအိုရောင်သန်းပြီး ‌ကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာကြောင့် bad boy လေးဆိုပြီး ပျိုမဒီတွေ ပါးစပ်ဖျားမှာသူ့နံမည်ကြီးပဲ။ အခုဆိုပိုဆိုး ဆယ်တန်းတစ်နှစ်ဘော်ဒါသွားနေတော့ စာမေးပွဲမအောင်‌ပေမယ့် တစ်ကိုယ်လုံးမှာ tattoo အပြည့်နဲ့ ပိုမိုက်လာတယ်။ မိမိုက်လာတော့လည်း ဘာအရေးလည်း အိတုန်မှသူ့ကို ပြန်မကြိုက်တာ သနားပါတယ် ဟီးဟီး....

အမ်! နေပါဦး....အရှေ့ကမျက်နှာရူးက ရှူးဂါးဒယ်ဒီကြီး သူ့စကီကို အမ်းနေသလို 'မင်းကြိုက်တာဝယ်ဖို့ ရော့ မုန့်ဖိုး... ပြွတ်စ်' ဆိုတဲ့ မျက်နှာနဲ့...... ဒီကောင် ဆေးစွဲသွားတာလား?

အရင်က ပိုက်ဆံပေးရင် ဒီမျက်နှာထား မဟုတ်ပါဘူး။ သူ့နှမလင်နောက်လိုက်သလို မပေးချင်ပေးချင်နဲ့ ဒေါကြီးမောကြီး ဆောင့်အောင့်ထည့်ပေးတတ်တာ ...

" ဒီနေ့ နောက်ဆုံးနေ့နော် လှိုင် ဝင်း ဦး "

ဒိန်းးးး ဘိန်းးးး ဂွိန်းးးး*

Shittt! သောက်ကျိုးနည်း၊ ကျက်သရေ မရှိတဲ့စကား...

ဟုတ်သားပဲ ဒီနေ့က ပြစ်ဒဏ်နောက်ဆုံးနေ့ (╯°□°)╯︵ ┻━┻

" ဝင်းအုရေ ၊ သည်းတုန်တုန်လေးကို ပြောပေးပါကွာ ။ ကိုကိုကျော်က သည်းတုန်တုန် အမိန့်အတိုင်း ပြစ်ဒဏ်အားလုံး ကျေအောင် ဆပ်ပြီးပါပြီလို့ ။ ပေးပေး ပန်းပေး ၊ အမေ ဘုရားပန်းတင်ဖို့ သွားပေးလိုက်ဦးမယ် ။ ပြောဖြစ်အောင် ပြောလိုက်နော် ။ "

ပန်းကိုအတင်းဆွဲယူရင်းအိမ်ထဲပြန်ဝင်သွားပြီး အဝေးကနေလည်း တစာစာအော်နေသေးတယ် ။ စိတ်ရှိတိုင်းသာဆို ယီးပဲကွာလို့ အကျယ်ကြီးအော်ဆဲချင်ပေမယ့် အင်မတန်ခန့်ညားတဲ့ ကိုယ့်ရုပ်ရည်ကိုအားနာလို့သာ သည်းခံလိုက်ရတယ် ။ဒါဆို နောက်နေ့ ဖောက်သည်တစ်ယောက်လျော့ပြီပေါ့ ။

ပန်းသည်ယောက်ျား💜Where stories live. Discover now