flowers|11|

685 51 6
                                    

အလျော့မပေးလိုဟန်နဲ့အတင်းကာရောဂျစ်တိုက်လို့သာ နှင်းရဲ့အိမ်ကိုလိုက်ပို့ခွင့်ရပေမယ့် ခြံတံခါးရှေ့မှာတင် ပြန်ဖို့နှင်ထုတ်ခံရပြန်တယ် ။

နားလည်သလိုဟန်လုပ်လိုက်ပေမယ့် တကယ်တော့နှင်းကိုနားမလည်ဘူး ။ ဆေးခန်းမှာတွေ့တုန်းက နှင်းမျက်ဝန်းတွေအရောင်တလက်လက်နဲ့ သေချာပေါက်ပျော်ရွှင်မှုတွေပြည့်နှက်နေပေမယ့် မကြာပါဘူး တဖန်ပြန်အေးစက်သွား‌ပြန်တယ်။ နောက်ပိုင်းသူတို့သိချင်တဲ့အကြောင်းအရာအကုန်လုံးကိုလည်း အပြုံးအေးအေးနဲ့ အားမနာတမ်းပယ်ချပစ်တယ် ။ အခုလည်း 'ပြန်‌တော့နော်'ဆိုတဲ့စကားတစ်ခွန်းနဲ့ တံခါးပိတ်သော့ခတ်သွားတဲ့နှင်းက သူတို့ကိုနောက်တကြော့တောင် ပြန်လှည့်မကြည့်ခဲ့ဘူး ။

သူတို့ကိုယ်တိုင်ကလည်း စိတ်ရှုပ်မှုအတိုင်းသား မျက်နှာမဲ့မဲ့လေးနဲ့နှင်းကြောင့် အလိုက်တသိပါပဲ အခွင့်အရေးထပ်မတောင်းနိုင်ခဲ့ဘူး ။

ဒါပေမယ့် နှင်းအိမ်ရဲ့အနားဝန်းကျင်က အအေးဆိုင်တစ်ခုမှာထိုင်ရင်း နှင်းရဲ့သက်ဆိုင်သူ ကိုသတိုး‌တေဇကို စောင့်ဆိုင်းပြီး သူတို့လိုချင်တဲ့အဖြေကို တောင်းဖို့ကြိုးစားကြတယ် ။

ဪ....သက်ဆိုင်သူတဲ့ နှင်းနဲ့ပတ်သတ်လာရင် သူ့ရောဂါအဆင့်က အဆိပ်ပြီးဖို့ တတိတိသုံးစွဲနေရတဲ့ နာကျင်ပေမယ့်မရှိမဖြစ်လိုအပ်တဲ့ အဆိပ်‌စူးစူးလေးပဲပေါ့ ။

ညနက်လာသလို၊ အအေးဆိုင်လည်းသိမ်းဖို့လုပ်နေတဲ့အချိန်ထိတောင် ကိုသတိုးတေဇကရောက်မလာသေးတာကြောင့် ဒီနေ့အတွက်တော့ သတင်းတစွန်းတစလောက်ရရင်ဖြစ်ဖြစ် ဆိုတဲ့စိတ်နဲ့ ဆိုင်ရှင်ကို မေးလိုက်တယ် ။

ဆိုင်ရှင်အဒေါ်ကြီးက သူများအကြောင်းပြောရတာအားသန်တဲ့ပုံပေါ်တယ် ။ သူတို့ဆိုင်ထိုင်နေတဲ့တချိန်လုံး လူတချို့နဲ့ တခြားသူအကြောင်းကို အာပေါင်အာရင်းသန်သန်ပြောနေတဲ့အသံ မကြားချင်ပဲနားထောင်ဖြစ်တယ်‌လေ ။

" အသစ်ရောက်လာတဲ့ လင်မယားကိုပြောတာမလား? ဘာတဲ့ ကောင်လေးနံမည်က သတိုးတေဇ ဆိုလား? "

ပန်းသည်ယောက်ျား💜Where stories live. Discover now