တုန်အရစ်ရှည်ရဲ့ ပေါက်ပေါက်ဖောက်မှုတွေကို သည်းမခံနိုင်တော့တဲ့အဆုံး အသံမျိုးစုံထွက်ပြီးဆော့နေတဲ့ကလေးကြီးကို ရေချိုးပေးဖို့သွားခေါ်ရတယ်။အဲဒီတော့မှ ဟိုဘက်အိမ်ပြန်ကြွချီသွားတဲ့ တုန်မျိုးရိုးကို ကိုရီးယားကားထဲကလို ကျေးဇူးတခမ်းတနားတင်စွာ ခါးညွှတ်နှုတ်ဆက်မိသည် ။
တကယ်ကို ရင်ထဲ၊အသည်းထဲကကျေးဇူးတင်မိတာ တော်တော်လေးနားညီးသက်သာသွားလို့ . . .
အရှုပ်ထုပ်တုန်ကို ဟိုဘက်အိမ်ကန်ထုတ်နိုင်ပေမယ့် ဒီဘက်မှာကျန်ခဲ့တဲ့ အရူးကိုတော့ ဂေါ်နဲ့ကော်ထုတ်တာတောင် ဖင်ကမကြွဘူး ။ သူ့ကိုအဖတ်မလုပ်ဘဲ အရုပ်တွေနဲ့ ကမ္ဘာတည်နေတာ ဘေးကလူက တဖန်အရူးပြန်ဖြစ်လို့။ နဂိုတည်းက စိတ်တိုနေသူမို့ ပုံချစရာဒေါသတွေက အရူးဆီကို စိုက်စိုက်မြိုက်မြိုက် တလုံးတခဲကြီး ပုံကျတော့တာပဲ။
ပြောစကားတိုးမပေါက်တဲ့ ထူလွန်းတဲ့ နားရွက်ကို ခပ်နာနာဆွဲပြီး ရေချိုးခန်းထဲဆွဲသွင်းမှ ဝူးဝူးဝါးဝါးနဲ့ မျက်ရည်တွေနှပ်တွေထွက်ပြီး ခါးကြီးကုန်းပြီးယက်ကန်ယက်ကန်ပါလာတာ ။ ဒါတောင် သူ့လက်ထဲမှာ သူ(လှိုင်ဝင်းဦး)အရမ်းကြိုက်ခဲ့ဖူးတဲ့ ဆိုင်ကယ်ရုပ်လေးနှစ်ရုပ်ကို ကျစ်ကျစ်ပါအောင်ကိုင်ခဲ့သေးတာဗျား. . .
အရူးကို ရေချိုးခန်းထဲပစ်သွင်းပြီး သင့်တော်တဲ့ အင်္ကျီ အဝတ်အစားတွေထုတ် ၊ နေထိုင်ဖို့ ပြင်ဆင်ပေးရတာ မောပါဘိ။ ရေချိုးပြီးလောက်မယ့်အချိန် သွားခေါ်တော့ သင်းက ရေချိုးခန်းကြမ်းပြင်ပေါ်မှာ ကျကျနနထိုင်ပြီး ပါလာတဲ့အရုပ်နှစ်ခုနဲ့ရေနဲ့ တဝူးဝူးဆော့နေလေရဲ့ ... ။
အံမယ်... ရေထဲမှာတောင် ဆိုင်ကယ်စီးကျွမ်းတဲ့ စူပါဟီးရိုးကြီးပေါ့ .....
" ဟေ့ကောင်! ရေချိုးခိုင်းထားတာ ယီးမို့ဆော့နေတာလား...."
အော်လိုက်တော့လည်း ခုနက သောက်ကမျင်းထနေတာသူမဟုတ်သလို မျက်နှာငယ်လေးနဲ့ ကြည့်ပြီး ပါးစပ်ကလည်း ဟစိဟစိ ပြောချင်ပေမယ့် မပြောရဲတဲ့ဒီဇိုင်း။ ပုံစံလေးက ရင်ထဲထိလွန်းလို့ လူယုတ်မာကြီးတောင် မျက်ရည်လည်သွားတယ်. . .
YOU ARE READING
ပန်းသည်ယောက်ျား💜
Romanceပန်းသူခိုးရယ်... ခန္ဓာကိုယ်မှာ အဖုအထစ်လှလှနဲ့ ခြေတံရှည်ကြီးတွေရှိပြီး "သားကလေ" လို့ပြောတတ်တဲ့ ဘယ်ကရောက်လာမှန်းမသိတဲ့ ကျပ်မပြည့်ရယ်... ဇာတ်လမ်းလေးကဒီလိုစတယ်... " ကောင်းတယ် ၊ ဆက်သာအီ သား သား ငါယိုးမသားရေ။ " Pee_Thu🐣=> start~13.6.2021 ပန်းသူခိုးရယ်...