Newyorkရဲ့ ညတစ်ည...။Night Clubရဲ့ မီးရောင်မှိန်မှိန်...။
ခပ်မြူးမြူးသံစဉ်...။
Dance floorထက်မှာ တိုးဝှေ့ကနေတဲ့ ရီဝေဝေလူငယ်တွေ...။
Dance floorအနီးက စားပွဲမှာ စကပ်တိုတိုဘောင်းဘီတိုတိုလေးတွေနဲ့ မိန်းကလေးလှလှလေးတွေက ကောင်လေးတစ်ယောက်နားမှာ ဝိုင်းပတ်ထိုင်နေတယ်။
လည်သာဂျက်ကင်ကအနီ ၊ အရောင်ဆိုးထားတဲ့ ဆံနွယ်တွေက ခဲပြာရောင်...။ လက်မှာလည်း ရှုပ်ယှက်ခတ်နေအောင် လက်စွပ်တွေ အများကြီး ဝတ်ထားသေးတယ်။
မျက်စိရှုပ်စရာ ဖက်ရှင်ကတောင် ကြည့်ကောင်းနေတာ Kyle မို့လို့ပါပဲ။
တရုတ်နဲ့စကော့တလန် ကပြားဖြစ်တဲ့ သူက သိပ်ချောတယ်။ တစ်ချက်ပြုံးလိုက်ရင် သွားစွယ်လေးတွေက လှစ်ခနဲပေါ်လာသေးတယ်။ ချောလွန်းသလောက်လည်း ပွေတယ်။ ဒီကလပ်ထဲမှာ သူနဲ့မငြိဖူးတဲ့ မိန်းကလေးဆိုတာ ရွှေထက်ရှားတယ်။
စိမ်းညို့ညို့သူ့မျက်ဝန်းတွေထဲ လမ်းပျောက်သွားမိရင် ပြန်လမ်းမရှိတော့ဘူးတဲ့...။
အခု သူ့ပေါင်ပေါ်မှာ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့ ပုရိသတွေ ရူးသွားချင်စရာ ငွေရောင်ဆံနွယ် မျက်လုံးပြာပြာတွေနဲ့ သိပ်လှတဲ့ မိန်းကလေးတစ်ယောက်ထိုင်နေတယ်။
Issabella Vel James ... ။
ဒီကလပ်မှာရှိတဲ့ ယောကျာ်းတိုင်း သူမအလှတရားမှာ မကျရှုံးဖူးတဲ့သူ မရှိသလောက်ပဲ...။ ငွေရောင်ဆံနွယ်တွေ တစ်ချက်ခါတိုင်း နှလုံးသားတွေပါသွားတဲ့ အမျိုးသားတွေက ဒုနဲ့ဒေး...။
သူမက ခါးထက်ကို ရစ်ပတ်လာတဲ့ လက်တွေကို အသာဆုပ်တယ်။ လည်ပြန်လှည့်ပြီး တစ်ယောက်သောသူရဲ့ နှုတ်ခမ်းထူထူတွေကို နမ်းလိုက်တဲ့အခါ နားကြားသိမ်းထားတဲ့ ငွေရောင်ဆံနွယ်တွေက ဖြာခနဲ...။
မနာလိုမှုက အမျိုးသားထုကြီးကိုလောင်ကျွမ်းသွားစေပေမယ့် ဘယ်သူကမှ မျက်လုံးတောင်ကောင်းကောင်းလှန်မကြည့်ရဲ...။
ကောင်လေးအနီးမှာ ရပ်နေတဲ့ အနက်ရောင်ဝတ်စုံပြည့်ကိုယ်ရံတော်တွေကို ကြည့်ရုံနဲ့တင် ဒီလူချောလေးက ဩဇာကြီးလှတဲ့ အသိုင်းအဝိုင်းကမှန်းသိသာတယ်။