"အစ်ကို ... ဒီရက်ပိုင်း တစ်ခုခုအဆင်မပြေတာရှိနေလား"
Ivan က တယောကို တယောအိတ်ထဲပြန်ထည့်ရင်း မေးတယ်။
အစောက ရှောင်းကျန့်က Noteတွေ အတော်များများ မှားတီးသွားတယ်။
တစ်နေရာရာကို စိတ်လွင့်နေတဲ့ပုံရတယ်။
ရှောင်းကျန့် အခုလိုဖြစ်နေတာကို Ivan သတိထားမိနေတာ သုံးပတ်လောက်ရှိပြီ။
မှတ်မှတ်ရရဆို Kyle Valicemore နဲ့ ပြတ်ပြီးတော့ Venice ကို ခရီးထွက်သွားပြီးကတည်းကပဲ။
ဂီတပွဲတွေအကုန်ဖျက်ပြီး အိမ်ပဲအောင်းနေတာ။အဲ့တာကြောင့် Ivanက သူ့ဖျော်ဖြေပွဲမှာ Accompanist အဖြစ် တီးပေးပါဆိုပြီး အတင်းအကူညီတောင်း ခေါ်ထားရတာ။
ပြိုလဲနေမှာကို မကြည့်ရက်လို့...။Ivan အတွက် ရှောင်းကျန့်က လေးစားသဘောကျရတဲ့ ဂီတပညာရှင်ပဲ...။ သူ့ရဲ့ စီနီယာလည်းဖြစ်တယ်။
ရှောင်းကျန့်က သူ့ကို သိတာတောင် မဟုတ်ပေမယ့် ကိုယ့်Idolမို့ သူက ဂီတခန်းမမှာတွေ့တိုင်း သတိတရလိုက်ကြည့်နေဖြစ်တာ...။
"အစ်ကို့ကို ကြည့်ရတာ တစ်နေရာရာစိတ်ရောက်နေပုံပဲ"
ရှောင်းကျန့်ရဲ့ မျက်ဝန်းနက်တွေနဲ့ Ivan ဆုံမိသွားတယ်။ အာရှသားလေးရှောင်းကျန့်က မျက်လုံးတွေ သိပ်လှတယ်လို့ သူများတွေပြောတာ တကယ်မှန်တယ်။
ရှောင်းကျန့်က စာရွက်ပေါ် တစ်ခုခုချရေးတယ်။
"Hey! Ive .. လေ့ကျင့်တာပြီးပြီလား။ ငါမင်းကို လာခေါ်တာ..."
အသံကချိုချိုလေး...။
ရွှေဝါရောင်ဆံနွယ်တွေနဲ့ ခေါင်းဝါလေးက အခန်းဝက ခေါင်းပြူကြည့်လို့...။
Ivan ရဲ့ တစ်ယောက်သောသူ...။
ရှောင်းကျန့်က လှမ်းမြင်တော့ Ivanကို လက်ပြနှုတ်ဆက်လို့ ထပြန်တယ်။
သူတို့အတွဲကြား နေရခက်မှာကြောက်လို့ ထင်ပါရဲ့...။
ရှောင်းကျန့်ထားခဲ့တဲ့ စာရွက်ကို Ivan ကောက်ဖတ်ကြည့်မိတယ်... ။
( ပြဿနာကြီးတော့မဟုတ်ပါဘူး။ အစ်ကို့အိမ်မှာ ကပ်နေနေတဲ့ အလေအလွင့်ကြောင် အိမ်ကထွက်ပြေးသွားလို့ ... )