ဒီရက်ပိုင်း Leo ဘာကိုမှ စိတ်တိုင်းမကျဘူး။
ကိစ္စတွေက ရှုပ်ချင်တိုင်းရှုပ်နေတဲ့ ချည်ထွေးကြီးလိုပဲ။
ဘယ်နားက စရှင်းရမလဲကို မသိ...။ဖမ်းမိထားတဲ့ဟောင်ကောင်က လူမိုက်တွေက ဘာမှရေရေရာရာ စစ်မေးလို့မရဘူး။
အသေသတ် မဖြေဘူးဆိုတဲ့အထာနဲ့ အကြောတင်းနေတယ်။ကာယကံရှင်ဖြစ်တဲ့ ကျန့်ကောကလည်း ဘာမေးမေးမဖြေဘူး။ အကုန် မသိဘူးချည်းပဲ။
အတွေးလွန်နေတုန်း နဖူးပြင်ကို လက်ဝါးနုနုလေးက ကပ်လာတယ်။
"ကော..."
သတိရကတည်းက ရှောင်းကျန့်က သူ့အနားမှာ တောက်တဲ့လုပ်နေတာ။ သူ့ဒဏ်ရာတွေ မပျောက်မချင်း တာဝန်ယူမလို့တဲ့။ ကောကြောင့် သူဒီလိုဖြစ်ရတယ်ဆိုပြီးတော့...။
"ကောလက်က အေးနေတာပဲ"
(မင်းနဖူးကြီးကိုက ပူနေတာ...)
"နည်းနည်းဖျားချင်တာ...ဘာမှမဖြစ်ဘူး"
ဘာနေနေ ဒီလိုပဲ ပြောရမှာပဲ။
အရည်လဲ့နေတဲ့ မျက်ဝန်းနက်တွေကို သူရင်မဆိုင်နိုင်ဘူး။ သူ မချော့တတ်ဘူး။(မင်းရူးနေတာလား...ဘာလို့ ကောကို သေနတ်ရှေ့ကဝင်ကာပေးရတာလဲ...
မင်းတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ)လက်ဆစ်တွေမှာ ပလာစတာတွေနဲ့ လက်လေးကို သာသာလေးအုပ်ကိုင်လိုက်တယ်။
"ဒီအတိုင်း...အဲ့အချိန်မှာ ဘာမှမစဉ်းစားမိဘူး။ကောပဲ ဘာမှမဖြစ်ရင်ရပြီဆိုပြီး ..."
သူဆုပ်ထားတဲ့လက်လေးက ရုန်းထွက်သွားတယ်။
(အဲ့ဒီတော့...ကောက မင်းထိခိုက်သွားတာကို ကြည့်နေရတာ အဆင်ပြေနေမယ်ပေါ့ ဟုတ်လား ... )
"ကျစ်! မဟုတ်ဘူးလေ...ကောရာ!!"
( မင်းသာတစ်ခုခုဖြစ်သွားခဲ့ရင် ကောဘယ်လိုနေရမလဲ။
ဘယ်စိတ်နဲ့ အသက်ရှင်ရမလဲ။
မင်းက မင်းလုပ်ချင်ရာပဲ လုပ်တယ်...)
